Local News: ချိန်းတွေ့တဲ့ သမီးရည်းစားကို ဓားထောက်လုသူတွေ တစ်နာရီတွင်း ဖမ်းမိ

တရားခံတွေက လောက်လေးခွတွေနဲ့ ပစ်ခတ်တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေ လုံးထွေးဖမ်းဆီးခဲ့ရတယ်။

play

 

မုံရွာမြို့ မုံရွာစီးပွားရေး တက္ကသိုလ်အနီး  အဝေးပြေးလမ်းမကြီးဘေးမှာ ချိန်းတွေ့နေတဲ့ သမီးရည်းစားနှစ်ဦးကို ဓားထောက်လုယက်တဲ့ ဖြစ်ရပ်တစ်ခု ဒီဇင်ဘာ ၁၀ ရက်နေ့လယ်က ဖြစ်ပွားခဲ့ပြီး  လုယက်ခဲ့သူအမျိုးသားသုံးဦးကို  တစ်နာရီအတွင်း မြင်းမူမြို့မှာ ဖမ်းမိခဲ့ပါတယ်။

ချောင်းဦးမြို့နေ အသက် (၂၁) နှစ်အရွယ် အမျိုးသားနဲ့ မုံရွာမြို့နယ် ညောင်ခြေထောက် ကျေးရွာနေ (၂၂) နှစ်အရွယ် အမျိုးသမီးတို့ ချိန်းတွေ့စဉ်မှာ ဆိုင်ကယ်နဲ့ အမျိုးသားနှစ်ဦး၊ ခြေလျင်လမ်းလျှောက်လာတဲ့ အမျိုးသားတစ်ဦး ရောက်ရှိလာပြီး ဓားဖြင့်ထောက် လုယက်ခဲ့တာဖြစ်ကာ လုယက်ခံရတဲ့အမျိုးသားရဲ့ဖခင်အကူအညီနဲ့ တစ်နာရီအတွင်း မြင်းမူမြို့မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ 

လုယူခံရတဲ့ ကောင်လေးက ချောင်းဦးမှာနေတဲ့ သူ့အဖေဆီ ဖုန်းဆက်ရာမှာ သူ့အဖေက  ချောင်းဦးကနေ စောင့်ကြည့်နေရင်း သားဖြစ်သူရဲ့ ဆိုင်ကယ်ကို မြင်လို့ နောက်ကနေ ကားနဲ့ လိုက်သွားပြီး နယ်မြေရဲတပ်ဖွဲ့ကလည်း မြင်းမူရဲတပ်ဖွဲ့ကို ချိတ်ဆက်ကာ ပိတ်ဆို့ ရှာဖွေဖမ်းဆီးတာတွေ လုပ်ခဲ့တာဖြစ်တယ်လို့  မုံရွာမြို့နယ်မြေရဲစခန်းမှ နယ်ထိန်း ရဲခေါင်းဆောင် ဒုရဲအုပ် ဇော်မျိုးထွန်းက ပြောထားပါတယ်။

ဖြစ်ပွားပြီး တစ်နာရီအတွင်း မြင်းမူမြို့ထဲမှာ တရားခံတစ်ဦးကို မိခဲ့တာဖြစ်ပြီး မြင်းမူမြို့ ဧရာဝတီဆိပ်ကမ်းမှာ နောက်ထပ်နှစ်ဦးကိုမိကာ  တရားခံတွေက လောက်လေးခွတွေနဲ့ ပစ်ခတ်တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေ လုံးထွေးဖမ်းဆီးခဲ့ရတယ်လို့  ဒုရဲ အုပ်ဇော်မျိုးထွန်းက ပြောပါတယ်။

Photos & Source: 7Day Daily, မျိုးမင်းဦး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ