Local News: လောင်းကစားမှုတွေကို ထိရောက်စွာ အရေးယူဖို့ လွတ်တော်မှာ အဆိုတင်

အရေးယူဆောင်ရွက်မှုနဲ့စုံစမ်း ဖော်ထုတ်မှုပိုင်းတို့မှာ အားနည်းနေတယ်လို့ အဆိုတင်သွင်းသူ ဒေါ်မာမာခိုင်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

play

 

 နိုင်ငံတော်နဲ့ ပြည်သူတွေကို ထိခိုက်ပျက်စီးစေတဲ့ တရားမဝင် လောင်းကစားမှုတွေကို  ထိရောက်စွာဟန့်တား အရေးယူဆောင်ရွက်ပေးဖို့  အစိုးရကို  တိုက်တွန်းတဲ့ အဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်က ဒီဇင်ဘာ ၈ ရက်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။

မွန်ပြည်နယ် သထုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်က နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် နိုင်ငံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ စီးပွားရေးကို ထိခိုက်ပျက်စီးစေတဲ့ တရားမဝင် လောင်းကစားမှုကို ထိရောက်စွာဟန့်တား အရေးယူဆောင်ရွက်ပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုကို တင်သွင်းလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတော်က တရားမဝင် လောင်းကစားမှုတွေအတွက် ဥပဒေ၊ နည်းဥပဒေတွေ ထုတ်ပြန်ပြီး တိတိကျကျအရေးယူဆောင်ရွကနိုင်ဖို့ ပြဋ္ဌာန်းထားပေမဲ့ အရေးယူဆောင်ရွက်မှုနဲ့စုံစမ်း ဖော်ထုတ်မှုပိုင်းတို့မှာ အားနည်းနေတယ်လို့ အဆိုတင်သွင်းသူ ဒေါ်မာမာခိုင်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဆိုကို လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ သင့်၊ မသင့်ကို လွှတ်တော်ရဲ့သဘောထားအား လွှတ်တော်ဥက္ကဋ္ဌက ရယူရာမှာ လက်ခံဆွေးနွေးဖို့ ကန့်ကွက်သူမရှိ သဘောတူတာကြောင့် လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ