Local News: ပြည်နယ်ဝန်ကြီးချုပ်နဲ့ တိုင်းလွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးတို့ကို ဒီချုပ်ပါတီ ခေါ်ယူမေးမြန်း

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံသို့ ယခုလအတွင်း တင်ပြမှာဖြစ်တယ်လို့ လေ့လာသုံးသပ်ရေးအဖွဲ့ဝင် NLD ဗဟိုကော်မတီဝင် ဒေါက်တာမျိုးညွန့်က ပြောကြားထားပါတယ်။

play

 

တိုင်ကြားခံရတဲ့ မွန်ပြည်နယ် ၀န်ကြီးချုပ်၊ တနင်္သာရီတိုင်း လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတို့ကို ဒီဇင်ဘာ ၁၁ ရက်က ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရုံးချုပ်သို့ ခေါ်ယူမေးမြန်းခဲ့တယ်လို့ သိရပါတယ်။ ခေါ်ယူမေးမြန်းချက်မှ တွေ့ရှိချက်တွေကို ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံသို့ ယခုလအတွင်း တင်ပြမယ်လို့ ဒီချုပ်လေ့လာသုံးသပ်ရေးအဖွဲ့မှ သတင်း ရရှိထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

ပြည်နယ်နဲ့တိုင်းအဆင့် ပုဂ္ဂိုလ်တွေကို ခေါ်ယူမေးမြန်းခြင်းဟာ ပထမဆုံးဖြစ်ပြီး တွေ့ရှိချက်၊ သုံးသပ်ချက်တွေကို ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံသို့ ယခုလအတွင်း တင်ပြမှာဖြစ်တယ်လို့ လေ့လာသုံးသပ်ရေးအဖွဲ့ဝင် NLD ဗဟိုကော်မတီဝင် ဒေါက်တာမျိုးညွန့်က ပြောကြားထားပါတယ်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး၊ တနင်္သာရီတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးတို့ ကို သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းဒေသကြီးရှိ လွှတ်တော်ကိုယ်စားလှယ်တွေက ပါတီဗဟိုကို တိုင်ကြားထားတာဖြစ်ပြီး တိုင်ကြားတဲ့ အကြောင်းအရာတွေကို ထုတ်ဖော်ပြောဆိုဦးမှာ မဟုတ်သေးဘူးလို့ လေ့လာသုံးသပ်ရေးအဖွဲ့က ပြောပါတယ်။

Photos & Source: 7Day Daily, စိုင်းဇော်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ