Local News: ပတ္တမြားမြို့သစ်မှာ စိတ်ကြွဆေး ၂၄ သိန်းကျော်ဖမ်းမိ

ကျပ်ငွေ သန်းရှစ်သောင်းခြောက်ထောင်ကျော် တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။

play

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ်က နေအိမ်တစ်အိမ်လုံးထဲကနေ ကျပ်ငွေ သန်းရှစ်သောင်း ခြောက်ထောင် ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၄ သိန်းကျော်ကို ဒီဇင်ဘာလ ၁၁ နေ့ နေ့လယ်ပိုင်းက ဖမ်းမိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

“ရန်ကုန်မြို့လယ်မှာ ဖမ်းမိတဲ့ မူးယစ်ဂိုဏ်းအဖွဲ့က နိုင်ငံခြားသား ငါးယောက်အမှုရဲ့ နောက်ဆက်တွဲ ကွင်းဆက်ထပ်ဖမ်းမိတာ။ ပစ္စည်းပဲမိပြီး လူကလွတ်သွားတယ်”လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

play

 

သတင်းကွင်းဆက်တွေအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေက ပတ္တမြားမြို့သစ် မေတ္တာလမ်းသွယ်(၃)လမ်းထဲက အိမ်အမှတ် ၂၁ ကို ရဲတပ်ဖွဲ့ကဝင်ရောက်စစ်ဆေးရာမှာ နေအိမ်မှာရှိတဲ့ အမျိုးသားတစ်ဦးက ထွက်ပြေးသွားပြီး အိမ်ထဲကနေ WY စာတမ်းပါ စိတ်ကြွဆေးပြား ၂၄ သိန်းကျော်နဲ့ ဘိန်းဖြူ ၆၈၅ ဂရမ်တို့ကိုသိမ်းဆည်းရမိခဲ့တာလို့ ဆိုပါတယ်။

Source & Photos : The Voice

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ