Local News: ယောက္ခမနဲ့သမက် မဲဆန္ဒနယ်တစ်ခုတည်းမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ

မိုင်းရှူးမြို့နယ် မဲဆန္ဒနယ်မှာ ၀င်ရောက်ယှဉ်ပြိုင်ကြမှာပါ။

play

 

၂၀၁၇ နှစ်ဆန်းပိုင်းမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မိုင်းရှူးမြို့နယ် မဲဆန္ဒနယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ SNLD ပါတီမှ ယောက္ခမနဲ့ သမက်တို့က မဲဆန္ဒနယ်တစ်ခုတည်းမှာ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ လွိုင်လင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။

ယောက္ခမနှင့် သမက်တော်စပ်တဲ့ မိုင်းရှူးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးကျော်ခင်နဲ့ မိုင်းရှူးမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) မှ ဦးစိုင်းလင်းမြတ်တို့က  မိုင်းရှူးမြို့ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် အမှတ်(၁)မှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းတင်သွင်းထားတယ်လို့ လွိုင်လင်ခရိုင် ရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲအရာရှိ ဦးသိန်းနိုင်က ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်းနဲ့ သက်ဆိုင်ရာ မဲဆန္ဒနယ်စာရင်းကို ယနေ့ (ဒီဇင်ဘာ ၁၂ ရက်) မှာ အတည်ပြုဆုံးဖြတ်သွားမယ်လို့ ဦးသိန်းနိုင်က ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်ရှိ မိုင်းရှူးနဲ့ ကျေးသီးမြို့နယ်တို့မှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် နှစ်နေရာ၊ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် လေးနေ ရာအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ လားဟူ ဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ မကြာခင်က မှတ်ပုံတင်ခဲ့တဲ့ ပါတီအသစ်ဖြစ်တဲ့ ‘၀’ လစ်ဘရယ်ဒီမိုကရက်တစ်တိုးတက်ဖွံ့ ဖြိုးရေးပါတီတို့မှ စုစုပေါင်း ကိုယ်စားလှယ် ၂၈ ဦးက ၀င်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းသွင်းထားတယ်လို့ ဆိုပါတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ