Local News: မဟာဗန္ဓုလပန်းခြံလမ်းနဲ့ ဘဏ်လမ်းကို ညနေဈေးအဖြစ် ဆက်ထားမယ်

နိုင်ငံခြားသားတွေ လာရောက်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဆက်လက်ဖွင့်လှစ်တာဖြစ်ပါတယ်။

play

 

ရန်ကုန်မြို့ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံတွေရှိတဲ့ နေရာတွေကို နိုင်ငံခြားသားတွေ လာရောက်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ သက်ဝင်လှုပ်ရှား ရန်ကုန်မြို့ရဲ့လမ်းမများ ပွဲတော်ကျင်းပတဲ့ မဟာဗန္ဓုလပန်းခြံလမ်းနဲ့ ဘဏ်လမ်းကို ညနေဈေးအဖြစ် ဆက်လက်ဖွင့်လှစ်သွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် ဒေါ်သန်းမြင့်အောင်က ပြောပါတယ်။

‘‘ဒီအစီအစဉ်က JICA (ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ)နဲ့ မြန်မာအစိုးရရဲ့ အစီအစဉ်နဲ့ ကျင်းပတာပါ။ ရန်ကုန်မြို့ရဲ့ သမိုင်းဝင်အမွေအနှစ်တွေကို ကြည့်ရင်း လမ်းလျှောက်စေချင်တဲ့ ရည်ရွယ်ချက်ပါ’’လို့ ဒေါ်သန်းမြင့်အောင်က ပြောပါတယ်။

play

 

သက်ဝင်လှုပ်ရှား ရန်ကုန်မြို့ရဲ့လမ်းမများပွဲတော်မှာ အမျိုးသားအနုပညာနဲ့ ယဉ်ကျေးမှုတက္ကသိုလ်မှ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ အနုပညာရှင်တွေရဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှု အကအလှတွေ  ဖျော်ဖြေတင်ဆက်မှုများ၊ မြန်မာ့ရိုးရာလက်မှု အနုပညာဆိုင်တွေရဲ့ ပြခန်းနဲ့ဆိုင်ခန်းတွေ ခင်းကျင်းပြသခဲ့ပြီး နိုင်ငံခြားသားတွေ အထူးနှစ်ခြိုက်သဘောကျခဲ့ကာ အထူးသဖြင့် ရုပ်သေးအက၊ ပုဂံ ခေတ်အကနှင့် မြန်မာ့ရိုးရာမြေ၀ိုင်းအကတွေကို ပိုမိုနှစ်ခြိုက်ခဲ့တယ်လို့ သိရပါတယ်။

မြို့တော်အင်္ဂါရပ်နဲ့ ညီညွတ်တဲ့ မြို့ပြရှုခင်းကို ဖွံ့ဖြိုးတိုးတက်စေရေး ပြည်သူလူထုတစ်ရပ်လုံး နားလည်သဘောပေါက်ပြီး တန်ဖိုးထားမှုကို မြှင့်တင်ဖို့ ရည်ရွယ်ကျင်းပတာဖြစ်ပြီး ဒီပွဲတော်ကို ရန်ကုန်မြို့နေ ပြည်သူတွေက သဘောကျနှစ်ခြိုက်ခဲ့ကြလို့ ရုံးပိတ်ရက်နဲ့ အားလပ်ရက်တွေမှာ အဆိုပါပွဲတော်တွေလို ပွဲတော်တွေကို ဆက်လက်ကျင်းပပေးသွားမယ်လို့ ဒေါ်သန်းမြင့်အောင်က ပြောပါတယ်။

Source & Photos : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ