Local News: ရခိုင်အရေး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးကျင်းပဖို့ ဒေါ်အောင်ဆန်းစုကြည်စီစဉ်

ရန်ကုန်မြို့မှာ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာကျင်းပသွားမယ်လို့ ဆိုပါတယ်။

play

 

မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အတိုင်အပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အထူးအစည်းအဝေးတစ်ရပ်ကျင်းပဖို့ စီစဉ်ထားတယ်လို့ NikkeiAsian Review သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ရခိုင်အရေးကိစ္စနဲ့ ပတ်သက်ပြီး အစည်းအဝေးကျင်းပဖို့ မြန်မာနိုင်ငံက အာဆီယံနိုင်ငံတွေကို ပထမဆုံးအကြိမ် ဆင့်ခေါ်ခဲ့တာလည်းဖြစ်ပြီး ဒီစည်းအဝေးကို ဒီဇင်ဘာလ ၁၉ ရက်နေ့ရောက်ရင် ရန်ကုန်မြို့မှာ ကျင်းပသွားမှာဖြစ်ကာ ရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး  နိုင်ငံတကာက စိုးရိမ်နေတာတွေကို ဆွေးနွေးသွားမယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဘက်က အစည်းအဝေးတစ်ရပ်ဆင့်ခေါ်ဖို့ ဆုံးဖြတ်တဲ့အကြောင်းကို လွန်ခဲ့တဲ့ စနေ၊ တနင်္ဂနွေနေ့တွေက ဘာလီမှာ ကျင်းပခဲ့တဲ့ အာဆီယံအကြီးတန်းအရာရှိများ အစည်းအဝေးတစ်ခုမှာ ကျန်နိုင်ငံတွေကို မြန်မာနိုင်ငံက အသိပေးခဲ့တာဖြစ်ပါတယ်။

ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး အာဆီယံဒေသထဲက မွတ်စလင် ဘာသာဝင်တွေ အများဆုံးရှိတဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့က မြန်မာနိုင်ငံရှိ မူစလင်ဘာသာဝင်ဘင်္ဂါလီတွေကိစ္စနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်နေတယ်လို့ ထုတ်ဖော်ပြောကြားထားတာရှိပါတယ်။

Source : The Voice

Photo : State Counsellor Office

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ