Local News: မြန်မာနိုင်ငံရဲ့ စတုတ္ထမြောက်ဆက်သွယ်ရေး အော်ပရေတာလိုင်စင် ဒီဇင်ဘာလထဲမှာ ပေးမယ်

၁၅ နှစ်အတွင်း အမေရိကန်ဒေါ်လာ နှစ်ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမယ်လို့ ဆိုပါတယ်။

play

 

မြန်မာနိုင်ငံရဲ့ စတုတ္ထမြောက်ဆက်သွယ်ရေး အော်ပရေတာလိုင်စင်ကို ယခုလထဲမှာ ချပေးတော့မှာဖြစ်ပြီး ဗီယက်နမ် ဆက်သွယ်ရေးကုမ္ပဏီ (Viettel)နဲ့ ပူးပေါင်းထားတဲ့ စတုတ္ထမြောက်ဆက်သွယ်ရေး အော်ပရေတာ ( မြန်မာအမျိုးသားပိုင် တယ်လီကွန်းကုမ္ပဏီ) က လာမယ့် ၁၅ နှစ်အတွင်း အမေရိကန်ဒေါ်လာ နှစ်ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမယ်လို့ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနကနေ သိရပါတယ်။

ဒီလထဲမှာ လိုင်စင်ပေးအပ်မယ့် စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာအတွက် လိုအပ်တဲ့ လှိုင်းနှုန်းတွေကို အခြားဆက်သွယ်ရေး အော်ပရေတာတွေလိုပဲရရှိဖို့ ချန်လှပ်ထားတယ်လို့  ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန အဆင့်မြင့် အရာရှိတစ်ဦးက ပြောပါတယ်။

play

 

ဆက်သွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်မယ့် စတုတ္ထမြောက်အော်ပရေတာအနေနဲ့ ကွန်ရက် ဖြန့်ကြက်နိုင်ဖို့ နိုင်ငံထဲမှာ တည်ဆောက်ပြီးဖြစ်တဲ့ ဖိုက်ဘာလိုင်းတွေနဲ့ တာဝါတိုင်တွေကို ငှား ရမ်းအသုံးပြုသွားမှာဖြစ်ကာ အဆိုပါကုမ္ပဏီကို မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်းအပါအ၀င် ပြည်တွင်းစီးပွားရေးကုမ္ပဏီပေါင်း ၁၁ ခုကို ပူးပေါင်းထားတာဖြစ်ပြီး မြန်မာ့စီးပွားရေးကော်ပို ရေးရှင်းလက်အောက်က MECTel ဖုန်းလိုင်း  အသုံးပြုသူတွေကို စတုတ္ထမြောက်ဆက်သွယ်ရေး အော်ပရေတာနဲ့ ချိတ်ဆက်ပေးမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Source : 7DayDaily

Photos : startup,7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ