Local News: မန္တလေးမှာ ဘုန်းကြီးကျောင်းဝင်းအတွင်း ဖောက်ခွဲရေးသုံးပစ္စည်းတွေ ဖမ်းမိ

ပစ္စည်းနဲ့အတူတွေ့ရှိတဲ့ အမျိုးသားနှစ်ဦးကို ဖမ်းဆီး အမှုဖွင့်ထားတယ်။

play

 

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဒေးဝန်းအရှေ့ရပ်ကွက်က ဘုန်းကြီးကျောင်းဝင်းအတွင်း ဖောက်ခွဲရေးပစ္စည်းသုံး လျှပ်စစ်ဒီတိုနေတာ(လျှပ်စစ်စနက်တံ)တွေနဲ့ အမိုးနီးယမ်းနိုက်ထရိတ်မြေဆီအိတ်တွေကို ပစ္စည်းပိုင်ရှင်နှစ်ဦးနဲ့ အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ရေပန်းဘုန်းကြီးကျောင်းတိုက်ဝင်းနဲ့ လက်ဖက်အုပ်ဘုန်းကြီးကျောင်းအတွင်း ဖောက်ခွဲရေးသုံးပစ္စည်းတွေ သိုလှောင်ထားတယ်ဆိုတဲ့ သတင်းအရ ဒီဇင်ဘာ ၁၁ရက် မွန်းတည့် ၁၂ နာရီက ၀င်ရောက်ရှာဖွေခဲ့ရာမှာ ကျောင်းဝင်းအတွင်း ရပ်ထားတဲ့ လိုက်ထရပ်ယာဉ်နောက်ခန်းမှ အမိုးနီးယမ်းပါဝင်မှုအနည်းဆုံးဖြစ်တဲ့ မြေဆီအိတ်တွေ၊ ဒီတိုနေတာချောင်းတွေနဲ့ ကျောက်မီးသွေးအိတ်တွေကို တွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရတယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

တရုတ်ပြည်ဘက်ကနေ ၀ယ်လာတဲ့ပစ္စည်းတွေဖြစ်ကာ ကျောက်မိုင်းခွဲတဲ့နေရာမှာ အသုံးပြုဖို့လို့သိရပြီး လောလောဆယ်မှာ ပစ္စည်းနဲ့အတူတွေ့ရှိတဲ့ အမျိုးသားနှစ်ဦးကို ဖမ်းဆီး အမှုဖွင့်ထားတယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးခင်မောင်သင်းက ပြောထားပါတယ်။

Photos & Source: 7Day Daily, Shwe Mann

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ