play

 

ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာနတွေဖြစ်တဲ့ သမ္မတရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီးနေရာနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီးနေရာတို့ကို ခန့်အပ်လိုက်တယ်လို့  နိုင်ငံတော်သမ္မတရုံးက ဒီဇင်ဘာ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

သမ္မတရုံး ၀န်ကြီးဌာန ဒုဝန်ကြီးအဖြစ် ဦးမင်းသူနဲ့ မကြာခင်က ရာထူးကနေရပ်စဲလိုက်တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ၀န်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာထွန်းဝင်းနေရာမှာ ဦးလှကျော်ကို ခန့်အပ်လိုက်တာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရရဲ့ ၀န်ကြီးဌာန ၂၂ ခုမှာ ဒုဝန်ကြီး ၁၀ ဦးအထိ ခန့်အပ်ထားပြီဖြစ်ပါတယ်။

"အရင်တုန်းကတော့ ဒုဝန်ကြီးတွေမထားတော့ဘူးဆိုပြီး လုပ်ထားတာ။ နောက်ပိုင်းမှာ ၀န်ကြီးတွေအလုပ်မလုပ်နိုင်လို့ ဒေါ်အောင်ဆန်းစုကြည်က သဘောတူပြီး ခန့်ထားလိုက်တာ" လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ပြောပါတယ်။

အသစ်ခန့်အပ်လိုက်တဲ့ သမ္မတရုံးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမင်းသူက တပ်မတော်(လေ) မှ ဗိုလ်မှူးကြီးဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာ နေပြည်တော်ကောင်စီဝင်အဖြစ် တာဝန်ထမ်းဆောင်နေ သူဖြစ်ကာ လယ်ဆည် ဒုဝန်ကြီးဖြစ်လာသူ ဦးလှကျော်က ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ်တာဝန် ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video