Local News: အစိုးရဝန်ကြီးတွေကို မြေကွက်ချထားပေးခြင်းမရှိဘူးလို့ နေပြည်တော် စည်ပင်တာဝန်ရှိသူပြော

အခြေခံဝန်ထမ်းတွေကို ဦးစားပေးမှာ ဖြစ်တယ်။

play

 

အစိုးရသစ်လက်ထက်မှာ နိုင်ငံတော်သမ္မတ နဲ့ မည်သည့်ဝန်ကြီးကိုမျှ မြေကွက်ချထားပေးခြင်းမရှိသေးဘူးလို့ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူက ပြောကြားလိုက်တယ်လို့ သိရပါတယ်။

ဦးသိန်းစိန်အစိုးရ လက်ထက်က ၀န်ကြီးဌာနတွေကို မြေကွက်တွေ ချထားပေးရာမှာ  အောက်ခြေ၀န်ထမ်းထက် ၀န်ကြီးအဆင့်နဲ့ အရာရှိကြီးတွေကိုသာ အဓိကချထားပေးခဲ့တယ်လို့  ဦးမင်းသူက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

အရင်တုန်းက နိုင်ငံတော်တာဝန်ထမ်းဆောင်တဲ့ အရာရှိကြီးတွေကို အိမ်ရာအထူးကွက်တွေအနေနဲ့ ပေးခဲ့တာဖြစ်ပြီး  ခုသတ်မှတ်ချက်ကတော့ အခြေခံဝန်ထမ်းတွေကို ဦးစားပေးမှာ ဖြစ်တယ်လို့လည်း ပြောကြားပါတယ်။

အငြိမ်းစားယူမယ့် ပင်စင်စားတွေအတွက် မြေကွက်တွေချထားပေးဖို့လည်း  စီစဉ်ဆောင်ရွက်နေပြီး နေပြည်တော်မှာ အမှန်တကယ်နေထိုင်တဲ့သူတွေကိုသာ ဦးစားပေးရွေးချယ်ချထားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ