Local News: မြန်မာမျိုးနွယ်စုဝင်တွေမှာ ရိုဟင်ဂျာအသုံးအနှုန်း မရှိခဲ့ကြောင်း အထောက်အထားနဲ့ ထုတ်ဝေဖြန့်ချိမယ်

မောင်တောနဲ့ ဘူးသီးတောင်လွှတ်တော်အမတ် ဘင်္ဂါလီလူမျိုး အဗ္ဗဒူဂဖားက လုပ်ကြံဖန်တီးကာ ရိုဟင်ဂျာအသုံးအနှုန်းကို ထည့်သွင်းဖော်ပြထားတဲ့ အစီရင်ခံစာကို ပြည်ထဲရေးဝန်ကြီးနဲ့ အတွင်းဝန်ထံပေးပို့ခဲ့ရာက စတင်ပေါ်ပေါက်ခဲ့တာဖြစ်တယ်။

play

 

ရှေးဟောင်းမြန်မာရာဇဝင်၊ တိုင်းရင်းသားလူမျိုးနဲ့ မျိုးနွယ်စုတွေမှာ ရိုဟင်ဂျာအသုံးအနှုန်းမရှိခဲ့ကြောင်း  ပြည်တွင်း၊ ပြည်ပက သိရှိစေဖို့ အထောက်အထားအကိုးအကားပြည့်စုံစွာနဲ့ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ တင်ပြအတည်ပြု ချက်ရယူ ထုတ်ဝေဖြန့်ချိမှာ ဖြစ်တယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးမှာ ရိုဟင်ဂျာဆိုတဲ့ စကားလုံးနဲ့ အသုံးအနှုန်းတွေ ရေးသားဖော်ပြမှု မရှိတာကို တွေ့ရှိရကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဒီဇင်ဘာ ၁၂ ရက်စွဲနဲ့ သတင်းထုတ်ပြန်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ပါလီမန်ဒီမိုကရေစီခေတ်မှာ မောင်တောနဲ့ ဘူးသီးတောင်လွှတ်တော်အမတ် ဘင်္ဂါလီလူမျိုး အဗ္ဗဒူဂဖားက လုပ်ကြံဖန်တီးကာ ရိုဟင်ဂျာအသုံးအနှုန်းကို ထည့်သွင်းဖော်ပြထားတဲ့ အစီရင်ခံစာကို ပြည်ထဲရေးဝန်ကြီးနဲ့ အတွင်းဝန်ထံပေးပို့ခဲ့ရာက စတင်ပေါ်ပေါက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန်က ‘‘ရိုဟင်ဂျာဆိုသည်မှာ လုံးဝမရှိဟု ရှင်းလင်းထားပြီး ဘင်္ဂလားဒေ့ရှ်  ဝန်ကြီးချုပ်ကလည်း မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို အကြမ်းဖက်တိုက် ခိုက်ခဲ့မှုကြောင့် ပြဿနာစတင် ဖြစ်ပွားခဲ့ပြီး ဘင်္ဂါလီလူမျိုး အကြမ်းဖက်သမားများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံခွင့်ပြုမည် မဟုတ်"ကြောင်း ပြောကြားထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ