Local News: ဘင်္ဂါလီတွေရဲ့ပုံဆိုပြီး ဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်အတုတွေ ဖြန့်ဝေနေတာကို နိုင်ငံတကာမီဒီယာတွေ ဖော်ထုတ်

ဖြန့်နေတဲ့ ပုံနဲ့ ဗီဒီယိုဖိုင်တွေက အစစ်အမှန်မဟုတ်ဘူးလို့ ဖော်ထုတ်ခဲ့တာပါ။

play

 

မြန်မာနိုင်ငံ၊ မောင်တောမြို့နယ်မှာ ဖြစ်ပွားနေတဲ့ ဘင်္ဂါလီတွေရဲ့ အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ပြည်ပ မီဒီယာတချို့က ဘင်္ဂါလီတွေရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်အတုတွေ ဖြန့်ဝေနေတာကို နိုင်ငံတကာမီဒီယာတွေက စတင်ဖော်ထုတ်နေတယ်လို့ သိရပါတယ်။

ဘင်္ဂါလီတွေရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို နိုင်ငံတကာမှာရှိတဲ့ အင်တာနက်အသုံးပြုသူတွေက ဖြန့်ဝေနေတာတွေဟာ အစစ်အမှန် မဟုတ်ဘဲ တခြားနိုင်ငံတွေက အဖြစ်အပျက်တွေနဲ့ သဘာဝဘေးဒဏ်ခံရတဲ့ပုံတွေကို ရောယောင်ဖြန့်ဝေနေတာကို ဘီဘီစီ၊ ၀ါရှင်တန်ပို့စ် အပါအ၀င် နိုင်ငံတကာ သတင်းဌာနကတွေက ထုတ်ဖော်ရေးသားလာကြတာပါ။

ရခိုင်ပြည်နယ်က  ဘင်္ဂါလီတွေကို နှိပ်စက်ညှဉ်းပန်းနေတဲ့ပုံတွေကို ကမ္ဘာတစ်ဝန်းက လူမှုကွန်ရက်များတွင် ဓာတ်ပုံအတုတွေကို ဖြန့်ဝေနေကြပြီး လူတချို့က ဒီပုံတွေက အစစ်အမှန်မဟုတ်တာမသိဘဲ ဖြန့်ဝေနေတာဖြစ်ပါတယ်။

လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံနေတဲ့ ဓာတ်ပုံတွေက မြန်မာပြည်တွင်းမှာဖြစ်ပွားခဲ့တာမဟုတ်ဘဲ နိုင်ငံတကာမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ၊ မတော်တဆမှုတွေ၊ အဓိကရုဏ်းတွေနဲ့ သဘာဘေးအန္တရာယ်ဖြစ်ပွားနေတဲ့ ဓာတ်ပုံတွေကို မြန်မာနိုင်ငံအစိုးရက ဘင်္ဂါလီတွေကို နှိပ်စက်နေတဲ့ ပုံစံတွေဆိုပြီး ဖြန့်ဝေနေကြတာဖြစ်ပါတယ်။

ဒီလို မဟုတ်မမှန်ဖော်ပြနေတာတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအစိုးရဘက်က အရေးယူ တရားစွဲနိုင်ဖို့ ဥပဒေလမ်းကြောင်းနဲ့ စာနယ်ဇင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို လေ့လာနေတယ်လို့  နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

Source & Photo : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ