Local News: ပေါက်တောက သက်ငယ်မုဒိမ်း တရားခံကို ထောင်အနှစ် ၂၀ ချ

သက်ငယ်မုဒိမ်းမှုဖြစ်တဲ့အတွက် ထောင်ဒဏ် နှစ် ၂၀ အပြည့် ချမှတ်လိုက်တာဖြစ်ပါတယ်။

play

 

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကံဆိပ်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှုမှာ ကျူးလွန်ခဲ့သူကို စစ်တွေခရိုင် ဒုတိယတရားသူကြီးက ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်က ပေါက်တောမြို့နယ် ကံဆိပ်ကျေးရွာနေ အသက် (၇)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အသက်(၂၀)ကျော်အရွယ် ချင်းချေ (ခ)သန်းထွန်းက မုန့်ကျွေးမယ်ဆိုပြီး ရွာအနောက်ဘက် လယ်ကွင်းသို့ ခေါ်ဆောင်ကာ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ရဲမှတ်တမ်းတွေက ဖော်ပြထားပါတယ်။

ပြစ်မှုကျူးလွန်သူကို ဒီဇင်ဘာ ၁၂ ရက်က အမိန့်ချမှတ်လိုက်တာဖြစ်ပြီး သက်ငယ်မုဒိမ်းမှုဖြစ်တဲ့အတွက် ထောင်ဒဏ် နှစ် ၂၀ အပြည့် ချမှတ်လိုက်တာဖြစ်ပါတယ်လို့ အဆိုပါအမှုကို လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်စန်းဦးက ပြောကြားထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

ဒီဇင်ဘာ ၉ ရက်ကလည်း ပြည်မြို့မှာ အသက် (၁၂)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို   သားမယားပြုကျင့်ခဲ့သူ အသက် (၄၃) နှစ်အရွယ် ကျောင်းထိုင်ဆရာတော်ကို လူဝတ်လဲတရားစွဲဆိုခဲ့ပြီး ပြည်ခရိုင်တရားရုံးက မုဒိမ်းမှုရဲ့ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်အနှစ်၂၀ ချမှတ်ခဲ့ပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ