Local News: စီဒီအမ်အေဖုန်းတွေအတွက် ငွေဖြည့်ကတ်ထုတ်လုပ်တာ ရပ်ဆိုင်း

အမ်ပီတီဂျီအက်စ်အမ် ကတ်တွေနဲ့ပဲ ကြိုတင်ငွေ ဖြည့်တင်းရတော့မှာပါ။

play

 

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT က စီဒီအမ်အေ မိုဘိုင်းဖုန်းလိုင်းတွေအတွက် ငွေဖြည့်ကတ်ထုတ်လုပ်တာတွေကို ဒီဇင်ဘာလ ၁၄ ရက်နေ့ကနေစပြီး ရပ်ဆိုင်းလိုက်ပြီလို့ ကြေညာခဲ့ကာ အဆိုပါဖုန်းတွေအတွက် ငွေဖြည့်တင်းတာတွေကို ဂျီအက်စ်အမ် ကြိုတင်ငွေတွေနဲ့ပဲ ဖြည့်တင်းရတော့မယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

‘‘စီဒီအမ်အေ ၄၅၀ ရော၊ စီဒီအမ်အေ ၈၀၀ ရော နှစ်မျိုးစလုံးအတွက်အကျုံးဝင်ပါတယ်။ ဂျီအက်စ်အမ်ရဲ့ဘီလ်ဖြည့်ပေမဲ့ ဂျီအက်စ်အမ်လိုမျိုး ထပ်တိုးဝန်ဆောင်မှုတွေတော့ ရဦးမှာမဟုတ်ပါဘူး’’လို့  အမ်ပီတီ ပြန်ကြားရေးတာဝန်ခံ ဒေါ်ဟေမာန်စိုးက ပြောပါတယ်။

လောလောဆယ်မှာတော့ ဘီလ်လွှဲပြောင်းတာတွေအပါအ၀င် အခြားမိုဘိုင်းဖုန်းတွေလို့ ထပ်ဆောင်းဝန်ဆောင်မှုတွေကို စီဒီအမ်အေ မိုဘိုင်းဖုန်းလိုင်းတွေမှာ အသုံးပြုနိုင်ဦးမှာမဟုတ်ဘဲ ဂျီအက်စ်အမ် မိုဘိုင်းဖုန်းလိုင်းတွေအတိုင်း ၀န်ဆောင်မှုပေးအပ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ အမ်ပီတီက ၀န်ဆောင်မှုပေးနေတဲ့ စီဒီအမ်အေ မိုဘိုင်းဖုန်းအသုံးပြုတဲ့သူတွေ ပုံမှန်ထက်လျော့ကျလာတယ်လို့ ထုတ်ဖော်ပြောဆိုထားပေမဲ့ ပိုင်ဆိုင်တဲ့ စီဒီအမ်အေ မိုဘိုင်းဖုန်းလိုင်း အရေအတွက် အတိအကျကို ထုတ်ဖော်ပြောကြားတာ မရှိသေးပါဘူး။

Source & Photos : 7DayDaily

သင်ရော စီဒီအမ်အေ မိုဘိုင်းဖုန်းတွေ သုံးရတာ အဆင်ပြေမှုရှိပါသလား ?»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ