Local News: သံတွဲမြို့နယ်မှာ အသက် ၅ နှစ်အရွယ် မိန်းကလေးကို ၆၅ နှစ်အရွယ် အမျိုးသားက သတ်ဖြတ်မှုဖြစ်

သားမယားပြုကျင့်ပြီးမှ သတ်ဖြတ်တာ ဟုတ်မဟုတ်ကို စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

play

 

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ပဒဲကောကျေးရွာအုပ်စုထဲက စာနီတောင်ကျေးရွာမှာ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အသက် ၆၁ နှစ် အရွယ် အမျိုးသားတစ်ဦးက သတ်ဖြတ်မှုဖြစ်ပွားခဲ့တယ်လို့ သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန်က ပြောပါတယ်။

အသတ်ခံရတဲ့ ကလေးမက ကျောင်းက ပြန်ရောက်တဲ့အချိန်မှာ အလည်သွားနေကြအိမ်ကို သွားလည်ရင်း ည ၇ နာရီခွဲ အချိန်လောက်အထိ အိမ်မပြန်လာလို့ လိုက်လံရှာဖွေခဲ့ရာမှာ အခင်းဖြစ်ပွားခဲ့တဲ့နေ အိမ်မှာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

“တွေ့ရှိတဲ့အချိန်မှာ အိမ်ပေါ်မှာ ပက်လက်အနေအထား တွေ့တာ။ ကလေးကိုသွားကြည့်တော့ သေနေပြီ။ ရဲစခန်းက ဆက်လက်ဆောင်ရွက်နေတယ်”လို့ ဦးသန်းဇော်ဟန်က ပြောပါတယ်။

အသက် ၆၁ နှစ်အရွယ်ရှိတဲ့ တရားခံက မူခင်းဖြစ်ပြီးတဲ့အချိန်မှာ ထွက်ပြေးခဲ့ပေမဲ့ သံတွဲမြို့ ရွှေလှေရွာအပိုင်မှာ ဖမ်းဆီးရမိခဲ့ပြီး သံတွဲရဲစခန်းက ရဲ (ပ) အမှတ် ၆၇၇/၂၀၁၆  ပုဒ်မ ၃၀၂ လူသတ်မှုနဲ့ အမှုဖွင့်ထားကာ သားမယားပြုကျင့်ပြီးမှ သတ်ဖြတ်တာ ဟုတ်မဟုတ်ကို စစ်ဆေးနေတယ်လို့ သံတွဲမြို့မရဲစခန်း တာဝန်ကျရဲအရာရှိတစ်ဦးက ပြောပါတယ်။

Source : Kumudra

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ