Local News: ယခုနှစ်တွင်း ဖြစ်ပွားခဲ့တဲ့ မုဒိမ်းမှု ၆၀ ရာခိုင်နှုန်းကျော်ဟာ သက်ငယ်မုဒိမ်းမှုတွေဖြစ်

ပြီးခဲ့တဲ့ သုံးနှစ်မှ စတင်ကာ သက်ငယ်မုဒိမ်းမှုဖြစ်ပွားနှုန်းဟာ တဖြည်းဖြည်းမြင့်တက်လာတာကို  စိုးရိမ်ဖွယ်ရာ တွေ့ရှိရတယ်။

play

 

ယခုနှစ် နိုဝင်ဘာအထိ နိုင်ငံအတွင်းဖြစ်ပွားခဲ့တဲ့  မုဒိမ်းမှုတွေရဲ့ ၆၀ ရာခိုင်နှုန်းကျော်ဟာ သက်ငယ်မုဒိမ်းမှုတွေဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သုံးနှစ်မှ စတင်ကာ သက်ငယ်မုဒိမ်းမှုဖြစ်ပွားနှုန်းဟာ တဖြည်းဖြည်းမြင့်တက်လာတာကို  စိုးရိမ်ဖွယ်ရာတွေ့ရှိရတယ်လို့လည်း  ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဒီဇင်ဘာ ၁၄ ရက်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

၂၀၁၃ မှာ  မုဒိမ်းမှုတွေရဲ့ ၄၂ ဒသမ ၉၁ ရာခိုင်နှုန်းဟာ သက်ငယ်မုဒိမ်းမှုဖြစ်ပြီး ၂၀၁၄ မှာ ၄၄ ဒသမ ၁၈ ရာခိုင်နှုန်း၊ ၂၀၁၅ မှာ ၄၆ ဒသမ ၃၃ ရာခိုင်နှုန်းအဖြစ် အသီးသီးမြင့်တက်လာကာ ၂၀၁၆ နိုဝင်ဘာအထိမှာတော့ သက်ငယ်မုဒိမ်းမှု ၆၁ ဒသမ ၁ ရာခိုင်နှုန်းအထိ မြင့်မားလာတာ ဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ သက်ငယ်မုဒိမ်းမှုကျဆင်းရေးအတွက် စီမံချက်ထား အကောင်အထည်ဖော် လုပ်ဆောင်နေပြီး ဖော်ထုတ်ဖမ်းဆီးအရေးယူမှု အားနည်းခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တည်ဆဲစည်းမျဉ်းစည်းကမ်းတွေနဲ့ ထိရောက်စွာ အရေးယူဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်အောင်စိုးက ပြောထားတယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

Source: 7Day Daily
Photos : DVB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ