Local News: မန္တလေးမြို့ပေါ်မှာ သတင်းထောက်တစ်ဦး ရိုက်နှက်ခံရ

မန္တလေးပြည်သူ့ ဆေးရုံကြီး ဦးနှောက်နှင့်အာရုံကြောဌာနမှာ ဆေးကုသမှု ခံယူနေရပါတယ်။

play

 

The Farmer ဂျာနယ်ရဲ့ မန္တလေးထောက် ကိုကျော်သူရမျိုးကို လူလေးဦးက ဝိုင်းဝန်းရိုက်နှက်တဲ့ဖြစ်ရပ်တစ်ခု မနေ့က ည ၉ နာရီခန့်က မန္တလေးမှာ ဖြစ်ပွားခဲ့ပါတယ်။

ဆိုင်ကယ်နဲ့ နေအိမ်ကို ပြန်လာစဉ် လမ်း ၇၀၊ ၃၃ လမ်းနဲ့ ၃၂ လမ်းကြား စံပယ်ဖြူ လမ်းသွယ်အရောက်မှာ အမျိုးသားလေးဦးက ဝိုင်းဝန်းရိုက်နှက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ရိုက်နှက်ခံရမှုကြောင့် ကိုကျော်သူရမျိုးဟာ မန္တလေးပြည်သူ့ ဆေးရုံကြီး ဦးနှောက်နှင့်အာရုံကြောဌာနမှာ ဆေးကုသမှု ခံယူနေရပါတယ်။

ကိုကျော်သူရမျိုးဟာ ယခင်က The Voice နဲ့ ပြည်တွင်းမီဒီယာအချို့မှာ အလွတ်တန်းသတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း Eleven မီဒီယာရဲ့ မုံရွာနယ်ခံသတင်းထောက်တစ်ဦး မုံရွာမြို့ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ အသတ်ခံခဲ့ရပါတယ်။

Photos & Source: The Voice

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ