Local News: မောင်တောအကြမ်းဖက်တိုက်ခိုက်မှုကို ဦးဆောင်သူများ ဆော်ဒီ၊ ပါကစ္စတန်တို့နဲ့ ဆက်သွယ်မှုရှိဟုဆို

မောင်တောနယ်စပ်မှာ နယ်ခြားစောင့်စခန်းတွေကို အကြမ်းဖက်တိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်ခဲ့ကြောင်း Harakah al-Yakin လို့ အမည်ပေးထားတဲ့အုပ်စုက ပြောကြားထားပါတယ်။

play


ရခိုင်ပြည်နယ် မောင်တောနယ်စပ်ဒေသမှာ နယ်ခြားစောင့်ရဲဌာနချုပ် အပါအဝင် ရဲစခန်းသုံးခုကို အကြမ်းဖက်တိုက်ခိုက်တဲ့ ဘင်္ဂါလီ အကြမ်းသမားအုပ်စုကို ဦးဆောင်သူတွေဟာ ဆော်ဒီအာရေဗီးယားနဲ့ ပါကစ္စတန်တို့နဲ့ ဆက်သွယ်မှုရှိသူတွေဖြစ်ကြောင်း International Crisis Group (ICG) က ယနေ့ (ဒီဇင်ဘာ ၁၅ ရက်) ပြောကြားလိုက်ပါတယ်။ ICG က အဆိုပါ အကြမ်းဖက်သမားအုပ်စုမှာ ပါဝင်ခဲ့သူတွေကို ကိုးကားပြီး အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

play


မောင်တောနယ်စပ်မှာ နယ်ခြားစောင့်စခန်းတွေကို အကြမ်းဖက်တိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်ခဲ့ကြောင်း Harakah al-Yakin လို့ အမည်ပေးထားတဲ့အုပ်စုက အွန်လိုင်းဗီဒီယိုမှာ ပြောကြားထားတယ်လို့ ICG က ဆိုပါတယ်။ ICG က အဆိုပါအုပ်စုရဲ့ အဖွဲ့ဝင်လေးဦးနဲ့ တွေ့ဆုံမေးမြန်းခဲ့ကြောင်း၊ နှစ်ဦးကို ရခိုင်ပြည်နယ်အတွင်းနဲ့ နှစ်ဦးကို မြန်မာနိုင်ငံပြင်ပမှာ တွေ့ဆုံခဲ့တယ်လို့ ပြောပါတယ်။

play


အဆိုပါ အကြမ်းဖက်အုပ်စုကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ အက်တာအူလာဟာ ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှာ မွေးဖွားခဲ့ပြီး ဖခင်ဖြစ်သူက ရွှေ့ပြောင်းနေထိုင်သူ ဘင်္ဂါလီတစ်ဦး ဖြစ်ပါတယ်။ ၎င်းဟာ ကလေးအရွယ်မှာ ဆော်ဒီအာရေဗီးယားသို့ ရွှေ့ပြောင်းသွားခဲ့တယ်လို့ ICG က ဆိုပါတယ်။ အက်တာအူလာဟာ ဆော်ဒီမှလာရောက်ပြီး ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်မှုတွေ ပြုလုပ်တဲ့ အကြမ်းဖက်အုပ်စုကို ဦးဆောင်သူ ဘင်္ဂါလီ ၂၀ အနက်မှတစ်ဦးဖြစ်ပါတယ်။

play


မောင်တောအကြမ်းဖက်တိုက်ခိုက်မှု မတိုင်မီ ၂ နှစ်အလိုမှစပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီရွာသားတွေကို လျှို့ဝှက် သင်တန်းပေးမှုတွေရှိခဲ့ကြောင်းလည်း ICG က ပြောပါတယ်။ အောက်တိုဘာ ၉ ရက်က နယ်ခြားစောင့်ရဲဌာနချုပ် အပါအဝင် ရဲစခန်းသုံးခုကို အစီအစဉ်ချပြီး အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ပါတယ်။

အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် နယ်မြေရှင်းလင်းမှုတွေ ဆောင်ရွက်ခဲ့ရာ လူ ၈၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။ မောင်တောနယ်စပ်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း လက်နက် မျိုးစုံ ၅၁ လက်နဲ့ ကျည်ဆန် ၁၀,၁၄၀ ဆုံးရှုံးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။
Source & Photo: AFP, 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ