Local News: တီဗီတစ်လုံးဝယ်ဖို့ သိန်းတစ်ရာတောင်းတာကြောင့် လွှတ်တော်ဒုဥက္ကဋ္ဌက မေးမြန်းမှုတွေ လုပ်ခဲ့ရ

အစိုးရသစ်ရဲ့ မူဝါဒနဲ့အညီ အသုံးစရိတ်စာရင်းကို သေချာပြည့်စုံစွာ ရေးဆွဲတင်ပြနိုင်မယ်ဆိုရင် စိစစ်ရတာ ပိုမိုလွယ်ကူနိုင်မှာ ဖြစ်တယ်။

play

 

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် အသုံးစရိတ်လျာထားစာရင်းမှာ တီဗီတစ်လုံး ဝယ်ယူဖို့ဆိုပြီး ကျပ်သိန်းတစ်ရာ တင်ပြထားတာကြောင့်  သက်ဆိုင်ရာ အစိုးရအဖွဲ့ထံ ပြန်လည်မေးမြန်း မှုတွေလုပ်ခဲ့ရတယ်လို့  မကွေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက ပြောထားပါတယ်။

သေချာအောင် ပြန်လည်မေးမြန်းတဲ့အခါ တီဗီဝယ်တာမဟုတ်ဘဲ  LED လိုမျိုး အခမ်းအနား အစည်းအဝေးကြီးတွေမှာ သုံးတဲ့ စက်ကိရိယာပုံစံ တပ်ဆင်ဖို့ တောင်းထားတာဖြစ်နေပြီး ပြည့်စုံအောင် မရေးတဲ့အတွက် သံသယဖြစ်ဖွယ်ရာ ဖြစ်ရတယ်လို့လည်း  ဦးဇော်မျိုးဝင်းက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်ပြလာတဲ့ ရန်ပုံငွေသုံးစွဲမှု လျာထားတင်ပြစာရင်းတွေမှာ သက်ဆိုင်ရာဌာနဆိုင်ရာတွေက ပြည့်စုံစွာ တင်ပြမှု အားနည်းနေတဲ့အပေါ် လွှတ်တော် ဒုတိယဥက္ကဋ္ဌက အထက်ပါအတိုင်း ဥပမာထုတ်နုတ်ကာ ဖြေကြားခဲ့တာဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

သက်ဆိုင်ရာ အစိုးရအဖွဲ့ဌာနဆိုင်ရာ အမှုထမ်း၊ အရာထမ်းတွေကလည်း အစိုးရသစ်ရဲ့ မူဝါဒနဲ့အညီ အသုံးစရိတ်စာရင်းကို သေချာပြည့်စုံစွာ ရေးဆွဲတင်ပြနိုင်မယ်ဆိုရင် စိစစ်ရတာ ပိုမိုလွယ်ကူနိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ