Local News: မိုးပြာဂိုဏ်းက စာအုပ်တွေ ထုတ်ဝေရေးအတွက် လွတ်တော်မှာ တောင်းဆိုမယ်

အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်တွေကတစ်ဆင့် လွှတ်တော်မှာ တင်သွင်းဆွေးနွေးသွားမှာဖြစ်တယ်။

play

 

မိုးပြာဂိုဏ်းအဖွဲ့ရဲ့ ပစ္စုပ္ပန် ကမ္မဝါဒဗုဒ္ဓဘာသာစာအုပ်တွေ ပြန်လည်ရေးသားထုတ်ဝေနိုင်ဖို့အတွက် လွှတ်တော်ကတစ်ဆင့် တောင်းဆိုမယ်လို့ သိရပါတယ်။

  အစိုးရဲ့ တားမြစ်မှုနဲ့ ရင်ဆိုင်နေရတဲ့ မိုးပြာဂိုဏ်းဟာ  လွှတ်တော်ကိုယ်စားလှယ်တွေကတစ်ဆင့် လွှတ်တော်သို့ တင်သွင်းဆွေးနွေးသွားမှာ ဖြစ်တယ်လို့ မိုးပြာဂိုဏ်းအဖွဲ့ဝင် ဦးနေဝင်းကပြောထားကြောင်း မြန်မာတိုင်းမ် ရဲ့သတင်းတစ်ရပ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

play

 

ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူတို့မှားတယ်ဆိုတာကို ပြောပြီး ဆက်လက်ထုတ်ဝေသွားမှာဖြစ်ကာ  အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်တွေကတစ်ဆင့် လွှတ်တော်မှာ တင်သွင်းဆွေးနွေးသွားမှာဖြစ်တယ်လို့ ဦးနေဝင်းက ပြောကြားထားကြောင်း သိရပါတယ်။  အပြင်မှာလည်း တရားဝင်ဖြန့်ချိသွားမှာဖြစ်ပြီး အရင်ခေတ်ကလို ပုန်းသျှိုးကွယ်သျှိုးလုပ်မှာမဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။

ဦးနေဝင်းကို တိုင်းသာသနာရေးမှူးကတွေ့ဆုံပြီး အသိပေးထားကာ  လက်မှတ်လည်းထိုးခိုင်းပေမဲ့ လက်မှတ်မထိုးဘဲ သူတို့ယုံကြည်ချက်အတိုင်းဆက်လုပ်မယ်ဆိုတဲ့ သဘောမျိုး ပြောသွားကြောင်းနဲ့ ဗုဒ္ဓသာသနာ တရားတော် ထိန်းသိမ်းကာကွယ်ရေး ဥပဒေများနဲ့အညီ ဆက်လက်ပြီးတော့ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောထားကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။

Photos & Source:မြန်မာတိုင်းမ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ