Local News: ကျောင်းစာသင်ချိန်အတွင်း ဓားထိုးမှုဖြစ်တာကြောင့် ဆယ်တန်းကျောင်းသားတစ်ဦး သေဆုံး

စကားများရန်ဖြစ်ရာက အငြိုးထားကာ ဓားနဲ့ထိုးတာဖြစ်တယ်။

play

 

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် တံတားဦး အခြေခံပညာအထက်တန်းကျောင်းမှာ  စာသင်ခန်းအတွင်း ဆယ်တန်းကျောင်းသားတစ်ဦး ဓားထိုးခံရတာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၅ ရက်က စာသင်ခန်းအတွင်း ဆရာမ စာသင်နေချိန်မှာ ခုံချင်းကပ်လျက်ထိုင်နေတဲ့ ကျောင်းသားနှစ်ဦး ဓားထိုးမှုဖြစ်ပြီး အသက် (၁၆) နှစ်အရွယ် ကျောင်းသားတစ်ဦး သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒသမတန်း(C) မှာ  ပညာသင်ယူနေတဲ့ အဆိုပါ ကျောင်းသားနှစ်ဦးဟာ  စကားများရန်ဖြစ်ရာက အငြိုးထားကာ ဓားနဲ့ထိုးတာဖြစ်ပြီး ကျူးလွန်တဲ့ကျောင်းသားကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ တံတားဦးမြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

 မြို့ခံတွေ  လာရောက်ကြည့်ရှုသူများပြားတာကြောင့် ဆရာ၊ ဆရာမတွေက ကျောင်းဝင်းတံခါးတွေကို  ပိတ်ပစ်ခဲ့ရတယ်လို့လည်း သိရပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ