Local News: ကျပ် ၁၄၀၀ အထက်ကို ရောက်ရှိသွားတဲ့ အမေရိကန် ဒေါ်လာဈေးနှုန်း

အရန်နိုင်ငံခြားငွေ အားနည်းနေချိန်မှာ ဈေးကစားတဲ့အတွက် ဒေါ်လာက အထိန်းအကွပ်မရှိ တက်နေတာပါ။

play

 

အမေရိကန်ဒေါ်လာတန်ဖိုးဟာ ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ် အမြင့်ဆုံးကို ရောက်ရှိလာခဲ့ပြီး တစ်ဒေါ်လာကို ၁,၄၂၀ ကျပ်အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။

ပြင်ပဈေးကွက်မှာ အမေရိကန်ဒေါ်လာတန်ဖိုးမတည်ငြိမ်ဘဲ ဆက်တိုက် မြင့်တက်နေရတာဟာ အမေရိကန်နိုင်ငံက ဘဏ်အတိုးနှုန်းကို ၀ ဒသမ ၂၅ ရာခိုင်နှုန်းမြှင့်တင်လိုက်ရာက ကမ္ဘာ့ရွှေဈေးကျဆင်းသွားတာကြောင့် ပြည်တွင်းရွှေလုပ်ငန်းရှင်အချို့က ရွှေဈေးကျ ဆင်းမည်ကို စိုးရိမ်ကြပြီး ဒေါ်လာဝယ်ယူစုဆောင်းခြင်းနဲ့ ပြည်ပမှ ကားတင်သွင်းသူတွေက လိုင်စင်လျှောက်ထားဖို့ အဝယ်များခြင်းတို့ကြောင့်ဖြစ်တယ်လို့  စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောထားကြောင်း သိရပါတယ်။

 ဒီဇင်ဘာ ၁၅ ရက်က ပြင်ပငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာတန်ဖိုးဟာ နံနက်ဈေးဖွင့်ချိန် တစ်ဒေါ်လာကို ၁,၄၀၀ ကျပ်နဲ့ စတင်ခဲ့ရာက နေ့လယ်မှာ ၁,၄၂၀ ကျပ်၊ ညနေမှာ ၁,၄၁၂ ကျပ်နဲ့ အတက်ဖြစ်ခဲ့တာပါ။ နိုင်ငံတကာမှာလည်း အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံတွေမှာ ပြည်တွင်းလှည့်လည်သုံးစွဲနေတဲ့ ငွေကြေးတန်ဖိုးကျဆင်းလာတယ်လို့ စီးပွားရေးလုပ်ငန်းရှင်အချို့က သုံးသပ်ထားပါတယ်။

အရန်နိုင်ငံခြားငွေ အားနည်းနေချိန်မှာ ဈေးကစားတဲ့အတွက် ဒေါ်လာက အထိန်းအကွပ်မရှိ တက်နေတာပါလို့လည်း ကုန်သည်စက်မှုအသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောထားပါတယ်။

Source: 7Day Daily
Photos: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ