Local News: ၅ ရာခိုင်နှုန်းခန့် ဈေးတက်သွားတဲ့ အိမ်သုံးဆေးဝါးအချို့

ကင်ဆာဆေးနဲ့ အသက်ကယ်ဆေးဝါးတွေဟာ မတက်သေးဘဲ ဒီဇင်ဘာ ကုန်အထိ စောင့်ကြည့်မှာဖြစ်တယ်။

play

 

အမေရိကန်တစ်ဒေါ်လာကို ၁,၄၀၀ ကျပ်သို့ ရောက်ရှိခဲ့ပြီးနောက်မှာ အိမ်သုံးဆေးဝါးအချို့ ၅ ရာခိုင်နှုန်းခန့် ဈေးတက်သွားတယ်လို့ သိရပါတယ်။

နေ့စဉ်သုံးစွဲနေရတဲ့ အားဆေး၊ သွေးကျဆေး၊ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာဆေးဝါးတွေနဲ့ အိမ်သုံးဆေးဝါးအချို့  ၅ ရာခိုင်နှုန်းခန့် ဈေးတက်သွားပြီး ကင်ဆာဆေးနဲ့ အရေးပေါ်အချိန်မှာ အသုံးပြုရတဲ့ ဆေးဝါးအချို့ကတော့  ဈေးမတက်သေးဘဲ ဒီဇင်ဘာလကုန်အထိ စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။ 

ဆေးရုံ၊ ဆေးခန်းကို မှီပြီးရောင်းရတဲ့ဆေး၊ ကင်ဆာဆေးနဲ့ အသက်ကယ်ဆေးဝါးတွေဟာ မတက်သေးဘဲ ဒီဇင်ဘာ ကုန်အထိ စောင့်ကြည့်မှာဖြစ်ကာ တကယ်လို့ ဒေါ်လာဈေးက ဆက်ပြီးတက်နေမယ်ဆိုရင်တော့ တဖြည်းဖြည်းချင်း တက်သွားမှာ ဖြစ်တယ်လို့ ဆေးဝါးတင်သွင်းတဲ့ ကုမ္ပဏီကြီးတစ်ခုမှ ဈေးကွက် မန်နေဂျာတစ်ဦးက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားတာဖြစ်ပါတယ်။

ဆေးဝါးဈေးကွက်ဟာ စက်တင်ဘာမှ ဒီဇင်ဘာလကုန်အထိ အရောင်းအဝယ် အေးစက်လေ့ရှိပြီး ယခုလိုမျိုး ဒေါ်လာဈေး မြင့်တက်လာတဲ့အခါ ပိုမိုအေးစက်သွားကာ ဇန်နဝါရီလနောက်ပိုင်းမှာတော့ ဈေးကွက်ရောင်းအား ပုံမှန်လည်ပတ်ဖို့ မျှော်လင့်တယ်လို့ ဆေးဝါးလုပ်ငန်းရှင်တစ်ဦးက ပြောထားကြောင်း သတင်းမှာ ဖော်ပြပါတယ်။

Photos & Source: 7Day Daily, ဂျေမောင်မောင်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ