Local News: ကျပ်သိန်းလေးထောင်ခန့် ကုန်ကျခံတည်ဆောက်နေတဲ့ ခုံးတံတား အလှဆင်မှုမှာ စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးမှုတွေနဲ့ ကြုံတွေ့နေရ

ထိရောက်စွာ အရေးယူဖို့ လူမှုကွန်ရက်တွေပေါ်မှာလည်း ရေးသားမှုတွေရှိနေပါတယ်။

play

 

ကျပ်သိန်းသုံးထောင့်ခုနစ်ရာကျော် အကုန်အကျခံ အလှဆင်နေတဲ့ မြေနီကုန်း ခုံးကျော်တံတားအောက်နေရာတွေမှာ စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးသူတွေရဲ့ နှောင့်ယှက်မှုနဲ့ အမှိုက်စွန့်ပစ်မှုတွေ တွေ့ကြုံနေရတယ်လို့ သိရပါတယ်။

အများပြည်သူအပန်းဖြေနိုင်ဖို့ ထိုင်ခုံ၊ ပန်းအိုး၊ လျှောက်လမ်းအလှဆင်တာတွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ပြင်သစ် ယဉ်ကျေးမှုစင်တာတို့က ပူးပေါင်းလုပ်ဆောင်နေချိန်ကာလမှာပဲ   ယခုလို စည်းကမ်းမဲ့မှုတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ကွမ်းတံတွေးထွေးတာ လုံးဝမဖြစ်သင့်ဘဲ  အစိုးရက ပြည်သူတွေကို ကောင်းအောင်လုပ်ပေးထားရာမှာ ပြည်သူတွေကလည်း အစိုးရကို ပူးပေါင်းပါဝင်ဖို့လိုတယ်လို့   ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနော်ပန်းသဉ္ဇာမျိုးက ပြောထားကြောင်း သတင်းမှာ ရေးသားထားပါတယ်။

အဆိုပါ စည်းကမ်းမဲ့တဲ့ ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ထိရောက်စွာ အရေးယူဖို့ လူမှုကွန်ရက်တွေပေါ်မှာလည်း ရေးသားမှုတွေရှိနေပါတယ်။

Source: 7Day Daily
Photos:  မြတ်ပိုင်ချုး(Facebook)

ကွမ်းတံတွေး စည်းကမ်းမဲ့ ထွေးသူတွေကို ဘယ်လိုထင်လဲ»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ