Local News: လွှတ်တော်အမတ်တွေလည်း တရုတ်စာသင်ရတော့မယ်

လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ပြန်စရင် ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။

play

 

လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ တရုတ်ဘာသာစကား လေ့ကျင့်သင်ကြားနိုင်အောင် အခမဲ့သင်တန်းပို့ ချပေးဖို့ စီစဉ်နေတယ်လို့ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃) အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်သန်းထွန်း (ကန်တုန်)က ဆင်ဟွာ သတင်းဌာနကို ပြောထားပါတယ်။

“ဒီသင်တန်းကို လွှတ်တော်ကိုယ်စားလှယ်တွေအပြင် လွှတ်တော် ရုံးတွေက ၀န်ထမ်းတွေပါ ဆန္ဒအလျောက် တက်ရောက် သင်ယူလေ့ကျင့်နိုင်အောင် စီစဉ်နေပါတယ်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံး (ရန်ကုန်)နဲ့  တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး (မန္တလေး) တို့ က ကူညီ ဆောင်ရွက်ပေးပြီး သင်ကြားမှုကိုတော့ တရုတ် - မြန်မာ ချစ်ကြည်ရေး အသင်းကြီးက ဦးစီးကွပ်ကဲသွားမှာ ဖြစ်ပါတယ်”လို့ တရုတ်နိုင်ငံပြန် မြန်မာပညာတော်သင်များ အသင်း (မန္တလေး) ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါက်တာ ကျော်သန်းထွန်းက ပြောပါတယ်။

play

 

လက်ရှိအချိန်မှာတော့ ဒီသင်တန်းဖွင့်လှစ်ဖို့ ပြည်ထောင်စု လွှတ်တော် နာယက၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထားပြီး လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မိမိဆန္ဒအလျောက် တက်ရောက်နိုင်တယ်လို့ သိရပြီး လောလောဆယ်မှာတော့ ကိုယ်စားလှယ် ၆၀ ကျော်က သင်တန်းတက်ရောက်ဖို့ စာရင်းပေးထားကာ လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ပြန်စတာနဲ့  သင်တန်းဖွင့်လှစ်သွားမယ်လို့ အမျိုးသား လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကြည်မြင့်က ပြောပါတယ်။

Source : Xinhua

Photos : Mizzima

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ