Local News: မုံရွာမှာအသတ်ခံရတဲ့ သတင်းထောက် ကိုစိုးမိုးထွန်းရဲ့သား ပညာရေး ဧရာဝတီဖောင်ဒေးရှင်း ကူညီမယ်

ဘွဲ့ရတဲ့အထိ ကူညီပေးသွားမယ်လို့ ဆိုပါတယ်။

play

 

မုံရွာမြို့မှာ ဒီဇင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းက အသတ်ခံရတဲ့ ELeven Media မုံရွာနယ်ခံ သတင်းထောက် ကိုစိုးမိုးထွန်းရဲ့ သားဖြစ်သူပညာရေးအတွက် ဧရာဝတီဖောင်ဒေးရှင်းကနေ တာဝန်ယူသွားမယ်လို့ သိရပါတယ်။

“ဦးဇော်ဇော်ကလည်း ကူမယ်ပြောတယ်။ ချက်ချင်းပဲ သေဆုံးသူရဲ့ မိသားစုတွေကို ဆက်သွယ်ခဲ့တယ်။ ဘွဲ့ရတဲ့အထိ ကူညီပေးမယ်”လို့ ဧရာဝတီဖောင်ဒေးရှင်းနဲ့ နီးစပ်သူတစ်ဦးက The Ladies News သတင်းဌာနကို အတည်ပြုပြောဆိုခဲ့ပါတယ်။

play

 

ကွယ်လွန်သွားပြီး ဖြစ်တဲ့ ကိုစိုးမိုးထွန်းမှာ အသက် ရှစ်နှစ်အရွယ် သားယောက်ျားလေးတစ်ဦးနဲ့ ဇနီးဖြစ်သူတို့ ကျန်ရစ်ခဲ့ပြီး ကိုစိုးမိုးထွန်းကို သတ်ခဲ့တဲ့ တရားခံကိုဖော်ထုတ်နိုင်ဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ CID တို့က အပူတပြင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ကိုစိုးမိုးထွန်း အသတ်ခံရမှုနဲ့ ပတ်သက်ပြီး မုံရွာမြို့ရှိ KTV တစ်ခုက ဆိုင်ပိုင်ရှင်နဲ့ ၀န်ထမ်း သုံးဦးတို့ကို ခေါ်ယူစစ်ဆေးနေတယ်လို့ ဒီနေ့ထုတ်ဝေခဲ့တဲ့ Eleven Daily သတင်းစာမှာ ဖော်ပြထားပါတယ်။

Source : The Ladies News

Photos : Myanmar Dailystar

ကိုစိုးမိုးထွန်းကိုသတ်တဲ့ တရားခံကို ဖော်ထုတ်နိုင်မယ်လို့ ထင်ပါသလား ?»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ