Local News: သမီးရည်းစားအချင်းချင်း စကားများရန်ဖြစ်တာကနေ နှစ်ဦးစလုံးသတ်သေမှုဖြစ်

ကောင်မလေးက မချစ်တော့ဘူးပြောတာကနေ ကိုယ့်ကိုကိုယ် သတ်သေမှုတွေဖြစ်ခဲ့တာပါ။

play

 

ဒီဇင်ဘာလ (၁၅)ရက် ညပိုင်းက ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့မှာ သမီးရည်းစားအချင်းချင်း စကားများရန်ဖြစ်ရာကနေ အမျိုးသားက ကြိုးဆွဲချသေဆုံးခဲ့ပြီး အမျိုးသမီးကပါ ကိုယ့်ကိုကိုယ် အဆုံးစီရင်မှု ဖြစ်ပွားခဲ့တယ်လို့ ပေါင်းတည် မြို့မရဲစခန်းကနေ သိရပါတယ်။

“ကောင်မလေးနဲ့ ကောင်လေးချိန်းတွေ့ရင်း စကားများတာကနေ ကောင်မလေးက မချစ်တော့ဘူးလို့ပြောပြီး လှည့်ထွက်သွားပြီး ကောင်လေးက နင်မချစ်တော့ရင် ငါ့ကိုယ်ငါ သတ်သေ မယ်ဆိုပြီး ကောင်မလေးထွက်သွားတာ သိပ်ဝေးဝေးမရောက်ခင်မှာပဲ ၀တ်ထားတဲ့ ပုဆိုးကိုချွတ်ပြီး အနီးနားက သစ်ပင်မှာ ကြိုးဆွဲချသေသွားတာ။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ကောင်မလေးကို မေးတာတွေ လုပ်သေးတယ်။ ဒီမနက်မှာပဲ (ဒီဇင်ဘာ(၁၆)ရက်) ကောင်မလေးက ရေတွင်းထဲ ခုန်ချသေတယ်ဆိုတဲ့ သတင်းထပ်ဝင်လာတာပဲ”လို့  ပေါင်းတည်မြို့မရဲစခန်း တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။

သေဆုံးသူအမျိုးသားရဲ့ ချစ်သူဖြစ်သူမိန်းကလေးကလည်း အဆိုပါအဖြစ်အပျက်ကြောင် ရေတွင်းထဲကို ခုန်ချသေဆုံးခဲ့ပြီး ကောင်မလေးရဲ့ ရုပ်အလောင်းကို ပေါင်းတည်မြို့ မင်းကွက် (၃) ရပ်ကွက်ရှိ ရေတွင်းထဲကနေ ဒီဇင်ဘာ(၁၆) ရက် မနက်ပိုင်းက ဆယ်ယူရရှိခဲ့ပြီး ပေါင်းတည်မြို့မရဲစခန်းကနေ သေမှုသေခင်းအမှတ်(၁၄/၂၀၁၆) နဲ့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

Source : MMK News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ