Local News: နာမည်ကြီးအရက်တွေ အတုလုပ်နေတဲ့အဖွဲ့ ဖမ်းမိ

ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းက လှိုင်မြို့နယ်မှာ ဖမ်းမိခဲ့တာပါ။

play

 

ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ လှိုင်မြို့နယ်( ၂ ) ရပ်ကွက်ထဲမှာ နိုင်ငံခြားအရက်တွေနဲ့ ပြည်တွင်းလုပ်အရပ်တွေကို အတုပြုလုပ်နေတဲ့ အဖွဲ့တစ်ဖွဲ့ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

play

 

လှိုင်မြို့နယ်၊ ပိတောက်ချောင်းနယ်မြေရဲစခန်းက တပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေက သတင်းအရ လှိုင်မြို့နယ်၊ (၂)ရပ်ကွက်၊ သီရိ(၅)လမ်းထဲက တိုက်ခန်းမြေညီထပ်ကို သက်သေတွေနဲ့အတူ ၀င်ရောက်ရှာဖွေရာမှာ အရက်အတုတွေကို ပုလင်းတွေထဲထည့်နေတဲ့ သူခြောက်ဦးကို ဖမ်းဆီးရမိခဲ့တာပါ။

ဒါ့အပြင် တခြားအခန်းတစ်ခုတည်းကနေ Dunfife, Red Lable,Black Lable, Glan Master, JB, Cruiser, High Commisioner, Columbus စတဲ့ အရက်ဖာ (၁၉၃) ဖာနဲ့ High Commisioner ထည့်လက်စ အရက်ပုလင်း(၃၇)လုံး၊ အရက်ရောစပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

play

 

ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ပိတောက်ချောင်းနယ်မြေရဲစခန်းက အရက်အတုလုပ်တဲ့သူ ခြောက်ဦးကို (ပ)၅၇၅/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၈၆ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Source & Photos : Yangon Police

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ