Local News: ရန်ကုန်က ဘတ်စ်ကားမှတ်တိုင်တွေကို နိုင်ငံတကာအဆင့်မြှင့်တော့မယ်

ဒီဇင်ဘာလကုန်မှာ အဆင့်မြှင့်တင်သွားမယ်လို့ ဆိုပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရန်ကုန်မြို့ထဲမှာရှိတဲ့ ဘတ်စ်ကားမှတ်တိုင်တွေကို အဆင့်မြှင့်တင်တည်ဆောက်ဖို့ စီစဉ်နေပြီး တည်ဆောက်မယ့် မှတ်တိုင်တွေကို နိုင်ငံတကာမှာရှိတဲ့ အဆင့်မီ ဘတ်စ်ကားမှတ်တိုင်တွေလို လမ်းညွှန်ပြမြေပုံတွေ၊ ရပ်နားရမယ့် ဘတ်စ်ကားနံပါတ်တွေနဲ့ ခရီးသွားလမ်းညွှန်တွေ ထည့်သွင်းတည်ဆောက်သွားမယ်လို့ သိရပါတယ်။

play

 

ရန်ကုန်မြို့ထဲက ဘတ်စ်ကားမှတ်တိုင်တွေတချို့က ဟောင်းနွမ်းပျက်စီးနေပြီး မှတ်တိုင်လို့ သတ်မှတ်ထားတဲ့ နေရာတွေမှာ အဆောက်အဦ မရှိတာတွေဖြစ်နေလို့ ရန်ကုန်မြို့ထဲမှာရှိတဲ့ ဘတ်စ်ကားမှတ်တိုင်လေးထောင်ကျော်ထဲက မြို့တွင်းခြောက်မြို့နယ်နဲ့ ဆက်စပ်မြို့နယ်တွေမှာရှိတဲ့ ဘတ်စ်ကားမှတ်တိုင် ၂၅၀ ကို ပထမဦးစားပေးအနေနဲ့ အဆင့်မြှင့်တင်သွားမယ်လို့ ဆိုပါတယ်။

ဒီလိုအဆင့်မြှင့်တင်တဲ့ လုပ်ငန်းတွေအတွက် တင်ဒါတွေခေါ်ယူသွားမှာဖြစ်ပြီး ဒီဇင်ဘာလနောက်ဆုံးပတ်မှာ အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။

Source & Video : 7DayTV

Photo : filcker

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ