Local News: ထိုင်းနိုင်ငံ စက်ရုံတစ်ရုံမှာ မြန်မာအလုပ်သမားတစ်ရာကျော် အလုပ်ထုတ်ခံရတာကြောင့် ပိုင်ရှင်ကို တရားစွဲ

အလုပ်ပြန်ခန့်ပေးဖို့နဲ့ အလုပ်ပြန်မခန့်ရင် နစ်နာကြေးတွေပေးဖို့  တောင်းဆိုခဲ့တာဖြစ်ပါတယ်။

play

 

ထိုင်းနိုင်ငံ စမွတ်ပါကန်မြို့က စက်ရုံတစ်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား ၁၀၀ ကျော်ကို အလုပ်ထုတ်ခဲ့တာကြောင့် မြန်မာလုပ်သားတွေက အဆိုပါ ထိုင်းစက်ရုံပိုင်ရှင်ကို တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ 

PCG Group အမည်ရှိ ကြောင်စာ၊ ခွေးစာ ထုတ်လုပ်တဲ့ ထိုင်းစက်ရုံပိုင်ရှင်ဟာ  မြန်မာလုပ်သား ၁၀၈ ယောက်ကို ဒီဇင်ဘာလဆန်းက အလုပ်ထုတ်ခဲ့တာဖြစ်ပြီး  မြန်မာလုပ်သားတွေက အလုပ်ပြန်ခန့်ပေးဖို့နဲ့ အလုပ်ပြန်မခန့်ရင် နစ်နာကြေးတွေပေးဖို့  တောင်းဆိုခဲ့တာဖြစ်ပါတယ်။

တောင်းဆိုမှုမှာ ပြေလည်မှုမရရှိခဲ့တာကြောင့် ထိုင်းစက်ရုံပိုင်ရှင်ကို ဒီဇင်ဘာ ၁၆ ရက်က ထိုင်းနိုင်ငံ အလုပ်သမားကာကွယ် စောင့်ရှောက်ရေးဌာနမှာ တရားစွဲဆိုခဲ့တာ ဖြစ်တယ်လို့ မြန်မာလုပ်သားတွေကို ကူညီပေးနေတဲ့  ထိုင်းနိုင်ငံအခြေစိုက် AAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ လွတ်ပူရီခရိုင်က ကြက်မွေးမြူရေးခြံမှာ လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၁၄ ဦးကလည်း အဓမ္မစေခိုင်းခံရတာတွေ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေအတွက် ကြက်ခြံပိုင်ရှင်နဲ့ အဆိုပါကြက်တွေ တင်ပို့ထုတ်လုပ်နေတဲ့ Betagro ကုမ္ပဏီတို့ကို နစ်နာကြေးဘတ်ငွေ ၄၆ သန်းပေးဖို့ စက်တင်ဘာ ၂ ရက်က ထိုင်းနိုင်ငံ စရဘူရီခရိုင် အလုပ်သမားတရားရုံးမှာ တရားစွဲဆိုခဲ့ပါတယ်။

Photos & Source: 7Day Daily, ရဲမင်း

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ