Local News: ကုမ္ပဏီတစ်ခုက ကြေးစားခေါ်ထားတဲ့ လက်နက်ကိုင်သုံးဦးက သေနတ်နဲ့ပစ်တာကြောင့် ရေမဆေးကျောက်သမားအချို့ ဒဏ်ရာရ

ရေမဆေးကျောက်ရှာဖွေသူတွေက ပြန်လည်ဖမ်းဆီးရာ တစ်ဦးဖမ်းမိခဲ့ပြီး မှော်အတွင်း ကြိုးတုပ်ထားတာကြောင့် ရဲတပ်ဖွဲ့က သွားရောက်ထိန်းသိမ်းခဲ့တယ်။

play

 

ဖားကန့်မှာ ကုမ္ပဏီတစ်ခုက ခေါ်ယူထားတယ်ဆိုတဲ့ လက်နက်ကိုင်ဆောင်ထားသူသုံးဦးက ရေမဆေးကျောက်သမားတွေကို သေနတ်နဲ့ ပစ်တာကြောင့် အဆိုပါကုမ္ပဏီပိုင် ယန္တရားငါးစီးကို ရေမဆေးကျောက်ရှာ ဖွေသူတွေက ဒီဇင်ဘာ ၁၆ ရက်ညမှာ မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဖားကန့်မြို့နယ် လုံးခင်းအုပ်စုက ကျောက်စိမ်းလုပ်ကွက် တစ်ခုမှာ ဒီဇင်ဘာ ၁၆ ရက် ည ၉ နာရီခန့်က ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦးကပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

ရေမဆေးသမားတွေကို ခြောက်လှန့်ဖို့  ကုမ္ပဏီတစ်ခုက ငွေပေးငှားထားတာဖြစ်ပြီး  အပစ်ခံရတဲ့ရေမဆေးသမားတွေက ကုမ္ပဏီပိုင် ဘက်ဟိုးငါးစီးကို မီးရှို့လိုက်တာဖြစ်ကြောင်းနဲ့ ယခုလို အကြမ်းဖက်တာကို လက်မခံဘဲ အမှုမှာပါတဲ့သူတွေကို ဖော်ထုတ်ဖို့ ညွှန်ကြားထားကြောင်း ရဲမှူးကြီးထွန်းဦးက ပြောကြားထားပါတယ်။

သေနတ်နဲ့ပစ်ခတ်တဲ့ အမျိုးသားသုံးဦးကို ရေမဆေးကျောက်ရှာဖွေသူတွေက ပြန်လည်ဖမ်းဆီးရာ တစ်ဦးဖမ်းမိခဲ့ပြီး မှော်အတွင်း ကြိုးတုပ်ထားတာကြောင့် ရဲတပ်ဖွဲ့က သွားရောက်ထိန်းသိမ်းကာ စစ်ဆေးနေတယ်လို့ သိရပါတယ်။

Photos & Source: 7Day Daily,  Thaw Ko Ko

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ