Local News: ဂီဒွန်စခန်း ကျခဲ့တာကြောင့် ဝမ်းမနည်းကြဖို့ ဗိုလ်ချုပ်ဂွမ်မော် စာရေးသားပြောဆို

မိဘပြည်သူများရဲ့ ချစ်ခြင်းမေတ္တာနဲ့ ထောက်ခံအားပေးမှု ဂီဒွန်တိုက်ပွဲမှာ သက်သေဖြစ်တယ်။

play

 

ဂီဒွန်စခန်းကို ကချင်လူမျိုးတွေနဲ့ ယုံကြည်မှုနှင့် လဲလှယ်လိုက်ရတာကြောင့် ၀မ်းမနည်းကြဖို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ရဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွန်မော်က စာရေးသားပြောဆိုလိုက်ပါတယ်။

သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကနေ တစ်ဆင့် ဒီဇင်ဘာ ၁၇ ရက် နံနက် အစောပိုင်းမှာ စာရေးသားပြောကြားခဲ့တာဖြစ်ပြီး "မိဘပြည်သူများရဲ့ ချစ်ခြင်းမေတ္တာနဲ့ ထောက်ခံအားပေးမှု ဂီဒွန်တိုက်ပွဲမှာ သက်သေဖြစ်တယ်" လို့ ရေးသားထားပါတယ်။

 လေးလကြာ နှစ်ဖက်အကျအဆုံးများစွာနဲ့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေခဲ့ပြီးနောက် ဒီဇင်ဘာ ၁၆ ရက်မှာ တပ်မတော်က ဂီဒွန်ကို သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ဒီဇင်ဘာ ၁၇ ရက် ကြေညာချက်မှာ သြဂုတ်လက လှုပ်ရှားစစ်ကြောင်းငယ်တစ်ခုဟာ ဂီဒွန်စခန်းအရှေ့ကာကင်းတပ်စိတ်နေရာကို စတင်တွေ့ရှိရာမှ ဒီဇင်ဘာ ၁၆ ရက်အထိ ထိတွေ့တိုက်ပွဲပေါင်း (၄၆)ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

 Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ