Local News: လိုင်ဇာအနီး တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒေသခံတွေ စိုးရိမ်နေ

ကေအိုင်အိုဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာအနီးဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။

play

 

လိုင်ဇာအနီးဝန်းကျင်မှာ  တပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေတာကြောင့် စစ်ဘေးဒုက္ခသည်စခန်းအချို့နဲ့ဒေသခံတွေ စိုးရိမ်နေကာ တရုတ်နိုင်ငံသို့ တိမ်းရှောင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၆ ရက် ည ၁၀ နာရီခန့်က  ကေအိုင်အိုရဲ့ ဂီဒွန်စခန်းကို တပ်မတော်က သိမ်းပိုက်လိုက်ပြီး ကေအိုင်အိုဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာအနီးဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။

စစ်ဘေးဒုက္ခသည်တွေနဲ့ လိုင်ဇာဒေသခံတွေက တိုက်ပွဲတွေကြောင့် စိုးရိမ်နေပြီး တရုတ်နိုင်ငံအတွင်း ထွက်ပြေးတိမ်းရှောင်ဖို့ ပြင်ဆင်နေကြောင်း ကချင်နှစ်ခြင်းအသင်းတော် (KBC) အပါအ၀င် အရပ်ဘက်အဖွဲ့အစည်းကိုးဖွဲ့နဲ့ ဖွဲ့ စည်းထားတဲ့ Joint Strategy Team (ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့) က ထုတ်ပြန်ထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

တိုက်ပွဲတွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် လိုင်ဇာမြို့နဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေက စာသင်ကျောင်းတွေကို ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်းလည်း  သတင်းမှာ ဖော်ပြပါတယ်။ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဂီဒွန်နဲ့ လိုင်ဇာဝန်းကျင်ဒေသတွေမှာ အနီးဆုံးစစ်ဘေးဒုက္ခသည် စခန်းငါးခုရှိပြီး စစ်ပြေးဒုက္ခသည် နှစ်သောင်းခွဲခန့် ခိုလှုံနေတယ်လို့ သိရပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ