Local News: ဂီဒွန်စခန်းကို ထိုးစစ်ဆင်ရတဲ့အကြောင်းအရင်း တပ်မတော်ထုတ်ပြန်

သိမ်းပိုက်ပြီးတစ်ရက်အကြာမှာ သတင်းထုတ်ပြန်ခဲ့တာပါ။

play

 

ကချင်လက်နက်ကိုင်အဖွဲ့ အခြေစိုက်ထားတဲ့ ဂီဒွန်တောင်ကုန်းစခန်း(ပွိုင့် ၁၁၀၃) ကို တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့တဲ့ အကြောင်းအရင်းကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက  ဒီဇင်ဘာ ၁၇ ရက် ည ၉ နာရီခွဲလောက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကေအိုင်အေအပါအ၀င် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက  နိုဝင်ဘာ ၂၀ ရက် မှ ဒီဇင်ဘာ ၆ ရက်အထိ မုံးကိုးစခန်းကို သာလွန်အင်အားစုဖွဲ့ပြီး တိုက်ခိုက်ခဲ့ပေမဲ့ အောင်မြင်မှုမရှိခဲ့လို့ ဂီဒွန်စခန်းကိုအင်အားဖြည့်တင်းလာလို့ တပ်မတော်အနေနဲ့ ရင်ဆိုင်ထိန်းချုပ်တာကနေ ထိုးစစ်အသွင်နဲ့ လေကြောင်းပစ်ကူ၊ အနီးကပ်ပစ်ကူအပါအ၀င် လက်နက်ကြီးမျိုးစုံတို့နဲ့ ဂီဒွန်စခန်းနဲ့ အနီးဝန်းကျင်က စခန်းငယ်တွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

play

 

ဂီဒွန်စခန်းက ၀ိုင်းမော်မြို့နယ်နဲ့အနီးဆုံးဖြစ်နေပြီး ၀ိုင်းမော်မြို့ကနေ တစ်ဆင့် မြစ်ကြီးနား- ၀ိုင်းမော်- ဗန်းမော်လမ်းကြောင်းနဲ့ မြစ်ကြီးနား-၀ိုင်းမော်-ဆဒုံးလမ်းကြောင်းကို ထိန်းချုပ်တာတွေနဲ့ မြစ်ကြီးနားမြို့ကို အနာဂတ်မှာ ၀ိုင်းမော်ကနေတစ်ဆင့် ရေလမ်း၊ ကားလမ်းတို့ကနေ စိမ့်ဝင်ထိုးဖောက်နိုင်ဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ စခန်းတိုးချဲ့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၃ ခုနှစ်က လဂျားယန်ဒေသရှိ ပွိုင့်-၇၇၁ နဲ့ ပွိုင့်-၁၁၀၂ စခန်းတွေကို တပ်မတော်က သိမ်းပိုက်ပြီးချိန်မှာ ဂီဒွန်စခန်းမရှိခဲ့ဘဲ ၂၀၁၄ -၁၅ အတွင်းမှာလည်း  နယ်မြေချဲ့ထွင် တပ်စွဲထားတဲ့ နေရာမဟုတ်ဘူးလို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်စဉ်တွေကြောင့် တပ်မတော်နဲ့ KIA နှစ်ဖက်စလုံး သေဆုံးဒဏ်ရာရရှိတာတွေရှိခဲ့တယ်လို့သိရပြီး ကေအိုင်အေ ဘက်မှ ၁၂၀ မီလီမီတာ စိန်ပြောင်းကြီး နှစ်လက်အပါအ၀င် လက်နက်မျိုးစုံ ၄၁ လက်နဲ့ ခဲယမ်း ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

Source & Photos : Defence Office

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ