Local News: ခြင်ဆေးခွေက လောင်တဲ့မီးကြောင့် အဘိုးအိုတစ်ဦး မီးလောင်သေဆုံး

ဦးခေါင်းပိုင်းကို လောင်သွားတာကြောင့် အသက်ဆုံးရှုံးသွားတာဖြစ်တယ်။

play

 

ပြည်မြို့ ပြည်သာယာရပ်ကွက် ကရင်ကုန်းရွာမှာ  ခြင်ဆေးခွေမီးကတစ်ဆင့် ကူးစက်မီးလောင်တာကြောင့်  အသက် (၇၈) နှစ်အရွယ် အဘိုးအိုတစ်ဦး မီးလောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအဘိုးအိုဟာ လမ်းကောင်းစွာ မလျှောက်နိုင်ဘဲ နွားတင်းကုပ်စောင့်တဲမှာ ခြင်ဆေးထွန်းပြီး အိပ်ပျော်နေစဉ် ဒီဇင်ဘာ ၁၆ ရက် ညဦးပိုင်းက မီးကူးစက်လောင်ကျွမ်းပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဦးခေါင်းပိုင်းကို လောင်သွားတာကြောင့် အသက်ဆုံးရှုံးသွားတာဖြစ်ပြီး  မီးလောင်တဲ့ နွားတင်းကုပ်နေရာကလည်း လူနေအိမ်တွေနဲ့ နည်းနည်းဝေးတယ်လို့ အမှတ် (၃) ရဲစခန်းမှ ရဲအရာရှိတစ်ဦးကလည်း ပြောထားပါတယ်။

မီးလောင်ကျွမ်းချိန်ဟာ ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ကာ မီးလောင်ရာသို့ မီးသတ်ကားတွေ လာရောက်ငြှိမ်းသတ်တာကို မတွေ့ရဘဲ အနီးဝန်းကျင်ဒေသခံတွေက ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီး မီးငြိမ်းသွားချိန်မှာ အဘိုးအို အသက်မရှိတော့တာကို တွေ့ရတယ်လို့ ကရင်ကုန်းရွာဒေသခံတွေက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ