Local News: ချစ်သူရှာဖွေရေး ဝက်ဘ်ဆိုက်တွေကို အရေးယူဖို့ ပြင်ဆင်နေ

လူမှုရေးအရှုပ်အရှင်းကိစ္စတွေအပါအဝင် ပြဿနာရပ်များစွာကို ဖိတ်ခေါ်ရာရောက်ကာ ဥပဒေနဲ့ထိန်းကြောင်းဖို့  ဆုံးဖြတ်သွားမယ်။

play

 

လူမှုရေးအရှုပ်အရှင်းတွေ အပါအဝင် လူကုန်ကူးမှုပြဿနာတွေကြောင့် ချစ်သူရှာဖွေရေးဝက်ဘ်ဆိုက်တွေကို အရေးယူဆောင်ရွက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

 The Voice သတင်းဌာနရဲ့ ဖော်ပြချက်မှာ "အရေးယူဆောင်ရွက်ဖို့ လွှတ်တော်ကို တင်ပြသွားမှာဖြစ်ပြီး အစိုးရက အရေးမယူရင် လူငယ်တွေ လမ်းမှားရောက်သွားနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်ထားတယ်"လို့ ရေးသားထားပါတယ်။

ရန်ကုန်မြို့ လူစည်ကားရာနေရာတွေဖြစ်တဲ့ မြေနီကုန်းနဲ့ လှည်းတန်းလိုနေရာတွေမှာ ချစ်သူရှာဖွေရေးဝက်ဘ်ဆိုက်နဲ့ သက်ဆိုင်တဲ့ လက်ကမ်းစာစောင်တွေကို လူငယ်အချို့က ဝေငှနေပြီး စုံတွဲရှာဖွေရေးဝက်ဘ်ဆိုက်တွေကြောင့် လူမှုရေးအရှုပ်အရှင်းကိစ္စတွေအပါအဝင် ပြဿနာရပ်များစွာကို ဖိတ်ခေါ်ရာရောက်ကာ ဥပဒေနဲ့ထိန်းကြောင်းဖို့  ဆုံးဖြတ်သွားမယ်လို့ ဥပဒေကြမ်းပူပေါင်းကော်မတီဝင် ဦးစောထွန်းက ပြောကြားထားကြောင်း သတင်းမှာ ဖော်ပြပါတယ်။

အခုလိုချစ်သူစုံတွဲဝက်ဘ်ဆိုက်တွေကို အစိုးရက ထိထိရောက်ရောက်အရေးယူဆောင်ရွက်နိုင်ဖို့ လွှတ်တော်ကို တင်ပြသွားမှာဖြစ်ပြီး လိုအပ်တဲ့ ဥပဒေရှိရင် ဥပဒေပြဋ္ဌာန်းနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောဝေက ပြောကြားပါတယ်။

Photos & Source: The Voice

ချစ်သူရှာဖွေရေး ဝက်ဆိုက်တွေကို ဘယ်လိုထင်လဲ»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ