Local News: ဆေးလိပ်တောင်းသောက်ရာမှ နိုင်ငံခြားသားတစ်ဦး ရိုက်နှက်ခံရ

ဆေးလိပ်တောင်းသောက်ရာမှ ပြောလိုက်တဲ့စကားကြောင့် တစ်ဖက်လူက ဆဲတယ်ဆိုပြီး ပုလင်းနဲ့ ရိုက်နှက်ခဲ့တာ ဖြစ်တယ်။

play

 

မန္တလေး ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ရပ် လက်ဘက်ရည်ဆိုင်တစ်ဆိုင်မှာ ဒဏ်ရာတွေနဲ့ ရိုက်နှက်ခံထားရတဲ့ နိုင်ငံခြားသားတစ်ဦးကို ဒီဇင်ဘာ ၁၇ ရက် နံနက် ၂ နာရီခွဲက လှည့်ကင်းရဲအဖွဲ့မှ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ 

News Watch ရဲ့ဖော်ပြချက်အရ အဆိုပါ အမေရိကန်နိုင်ငံသားဟာ နေလင်းထွန်းဆိုသူနဲ့ 9-Bar စားသောက်ဆိုင်မှာ အရက်သောက်နေစဉ် ဘေးဝိုင်းကို ဆေးလိပ်တောင်းသောက်ရာမှ ပြောလိုက်တဲ့စကားကြောင့် တစ်ဖက်လူက ဆဲတယ်ဆိုပြီး ပုလင်းနဲ့ ရိုက်နှက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

ရိုက်နှက်ခံရတဲ့ အသက် ၅၅ နှစ်အရွယ် Mr.Jerry Chamber ဟာ နန်းဦးလွင်ရပ်ကွက်က White House Hotel  မှာ တည်းခိုနေတာဖြစ်ပြီး ရိုက်လိုက်သူက ပြန်လည်တောင်းပန်တာကြောင့် ပြေလည်မှုရကာ အတူသောက်စားနေသူ နေလင်းထွန်းက ဟိုတယ်သို့ ပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံခြားသားဟာ ဆေးလိပ်သောက်လိုတာကြောင့် အနီးနားရှိ လက်ဘက်ရည်ဆိုင်သို့ ရောက်ရှိခဲ့ရာက လှည့်ကင်းနဲ့ တွေ့ခဲ့တာ ဖြစ်ပါတယ်။ Mr.Jerry Chamber ဟာ မန္တလေး ပြည်သူ့ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောကုသဆောင်မှာ စိုးရိမ်စရာမရှိဘဲ ကုသမှု ခံယူနေတယ်လို့ သိရပါတယ်။

Photos & Source: News Watch

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ