Local News: ဇွဲကပင် စေတီတော်မှာ သရုပ်ပျက် ကခုန်သူတွေကို အရေးယူမယ်

ပါဝင်ပတ်သက်တဲ့သူတွေကို ထိထိရောက်ရောက်အရေးယူသွားမှာပါ။

play

 

ကရင်ပြည်နယ် ဘားအံမြို့က ဆံတော်ရှင်ဇွဲကပင်စေတီတော်ရင်ပြင်မှာ သရုပ်ပျက်ကခုန်သူတွေကို စိစစ်အတည်ပြု အရေးယူသွားမယ်လို့ သိရပါတယ်။

အဖြစ်အပျက်ကို ပြန်လည်စိစစ်ကာ စိစစ်အတည်ပြုပြီးရင်တော့ ဘယ်လိုပုံစံနဲ့ အရေးယူမလဲဆိုတာ  ထုတ်ပြန်သွားမှာဖြစ်တယ်လို့   သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ဒီဇင်ဘာ ၁၅ ရက်မှာ ပြောကြားထားကြောင်း News Watch ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

ကရင်ပြည်နယ်ရှိ ဆံတော်ရှင်ဇွဲကပင်စေတီတော်ရင်ပြင်ပေါ်မှာ နိုင်ငံခြားသားတွေနဲ့ ကရင်အမျိုးသားအချို့တို့ သောက်စားပျော်ပါးကခုန်နေတဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ ပြန့်နှံ့ခဲ့ပြီးနောက်မှာ အခုလိုအရေးယူမယ့် သတင်းထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

 ဆံတော်ရှင်စေတီတော်ဆိုတာ ကရင်ပြည်နယ်ရဲ့ ကျက်သရေဆောင် စေတီတစ်ဆူဖြစ်ပြီး  ပါဝင်ပတ်သက်တဲ့သူတွေကို ထိထိရောက်ရောက်အရေးယူသွားမှာပါလို့ ကရင်ပြည်နယ် သာသနာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွန်းက ပြောကြားပါတယ်။

Photos & Source: News Watch

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ