Local News: တက္ကစီသမားအား သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ သံသယရှိတဲ့မြန်မာလူငယ်တစ်ဦးကို ထိုင်းမှာ ဖမ်းဆီးထား

လူသတ်မှုနဲ့ ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သား မင်းရဲအောင်ဟာ ဘားအံမြို့ဇာတိဖြစ်တယ်လို့ သိရပါတယ်။

play

 

ထိုင်းနိုင်ငံသား တက္ကစီယာဉ်မောင်းကို သေနတ်နဲ့ ပစ်သတ်တယ်ဆိုပြီ ထိုင်းနိုင်ငံမဟာချိုင်နယ်မြေ ဘန်ပေါ်ရပ်ကွက်က အသက်(၂၂)နှစ်အရွယ် မြန်မာလုပ်သားတစ်ဦးကို  ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

ဘန်ပေါ်ရပ်ကွက် အဝင်လမ်းတစ်နေရာမှာ ထိုင်းတက္ကစီမောင်းသမားတစ်ဦး ဒီဇင်ဘာ ၁၃ ရက်က သေနတ်နဲ့ ပစ်သတ်ခံရတာဖြစ်ပြီး ထိုင်းရဲတပ်ဖွဲ့က လူသတ်မှုအတွက် သံသယရှိတဲ့ မြန်မာလုပ်သားတစ်ဦးကို ဒီဇင်ဘာ ၁၆ ရက်က ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

မြန်မာတစ်ယောက်ကို ဖမ်းဆီးထားတာဖြစ်ပြီး မနက်ဖြန်မှာ အဆိုပါအမှုကို သွားပြီးကြည့်ရှုမှာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်က ပြောကြားထားကြောင်းလည်း သိရပါတယ်။

ထိုင်းတက္ကစီယာဉ်မောင်းကို  သေနတ်နဲ့ပစ်ခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့ထံမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာလုပ်သားက  ဝန်ခံထားကြောင်း မြန်မာလုပ်သားများအရေးကို ကူညီဆောင် ရွက်ပေးနေတဲ့ မဟာချိုင်မြို့ အခြေစိုက် AAC မဟာမိတ်အဖွဲ့ မှ ကိုရဲမင်းကပြောထားတယ်လို့လည်း သိရပါတယ်။ လူသတ်မှုနဲ့ ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သား မင်းရဲအောင်ဟာ ဘားအံမြို့ဇာတိဖြစ်တယ်လို့လည်း သိရပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ