Local News: မေ့ကျန်ခဲ့တဲ့ ငွေထုပ်ကို ယူဆောင်သွားတဲ့ အမျိုးသမီးအား အမှုမဖွင့်ဘဲ ရှာဖွေနေ

ယူသွားတဲ့ အမျိုးသမီးရဲ့ဖေ့စ်ဘွတ်အကောင့်ကို ရထားပြီ။

play

 

ကျပ်ရှစ်သိန်းနဲ့စာရွက် အချို့ပါဝင်တဲ့ အထုပ်တစ်ထုပ်ကို ဈေးဝယ်သူတစ်ဦးက ဓမ္မစေတီလမ်းမပေါ်ရှိ Market Place ငွေရှင်းကောင်တာမှာ ကျန်ခဲ့ပြီး ယူဆောင်သွားသူ အခြားဈေးဝယ်အမျိုးသမီးကို အမှုဖွင့်ထားခြင်းမရှိပေမဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဈေးဝယ်သူအမျိုးသမီးတစ်ဦးဟာ ပိုင်ရှင်ဖြစ်သူကို သိပေမဲ့ အဆိုပါအိတ်ကို ယူဆောင်ခဲ့တာဖြစ်ပြီး အဆိုပါ ယူဆောင်ခဲ့တဲ့ CCTV  ဗီဒီယိုမှတ်တမ်းတွေဟာ ဒီဇင်ဘာ ၁၇ ရက်က လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံခဲ့တာဖြစ်ပါတယ်။

ယူသွားတဲ့ အမျိုးသမီးရဲ့လိပ်စာနဲ့ ဖေ့စ်ဘွတ်အကောင့်ကို ရထားပြီး  သွားတောင်းဖို့တော့ လုပ်ထားတယ်လို့ အိတ်မေ့ကျန်ခဲ့သူ မနှင်းလဲ့အောင်က ပြောကြားထားတယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

ရဲစခန်း  သွားတော့လည်း ရဲက ပြန်မရတော့မယ့် ပုံစံမျိုးတွေပဲပြောနေတာကြောင့် စိတ်ဆိုးဆိုးနဲ့ ဖေ့စ်ဘွတ်တင်လိုက်တာ ဖြစ်တယ်လို့ လည်း မနှင်းလဲ့အောင်က ဆိုပါတယ်။

လက်ရှိဖြစ်ရပ်ဟာ ခိုးတာမဟုတ်မဟုတ်ပေမဲ့ ပိုင်ရှင်မဲ့ပစ္စည်းကို သက်ဆိုင်ရာကို  မအပ်ဘဲ ယူဆောင်သွားတဲ့အတွက် ဥပဒေနဲ့ ငြိစွန်းတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောထားကြောင်းလည်း သတင်းမှာ ရေးသာထားပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ