Local News: အစိုးရနဲ့ မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ တရုတ်မှာ တွေ့ဖို့ စီစဉ်နေ

တွေ့ဆုံမယ့် အချိန်၊ ရက်နဲ့ နေရာကို ညှိနှိုင်းနေဆဲဖြစ်တယ်။

play

 

အစိုးရကိုယ်စားလှယ် အဖွဲ့နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA)၊ တအာင်းလက်နက်ကိုင်အဖွဲ့(TNLA)၊ ကိုးကန့် လက်နက်ကိုင်အဖွဲ့(MNDAA) နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့(AA) တို့ရဲ့ ကိုယ်စားလှယ်အဖွဲ့တွေဟာ  တရုတ်နိုင်ငံမှာ တွေ့ဆုံဖို့ ထပ်မံစီစဉ်နေတယ်လို့ TNLA  သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးတာ့အိုက်ကျော်က ပြောကြားထားပါတယ်။

တွေ့ဆုံမယ့် အချိန်၊ ရက်နဲ့ နေရာကို ညှိနှိုင်းနေဆဲဖြစ်ပြီး အချိန်နဲ့ နေရာ အဆင်ပြေသွားရင်တော့  တွေ့ဆုံမှုက မြန်မြန်ဖြစ်သွားမယ်လို့ ပြောထားကြောင်း ပြည်တွင်းသတင်းစာကြီးတစ်စောင်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ လတ်တလော တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ KIA နဲ့ အစိုးရကိုယ်စားလှယ်အဖွဲတို့အကြား တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးဖို့ ညှိနှိုင်းနေတယ်လို့ သမ္မတရုံးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒီဇင်ဘာ ၁၈ ရက်က ပြောထားပါတယ်။

 တပ်မတော်အဆင့်မြင့်အရာရှိတွေပါဝင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ လက်နက်ကိုင် ပူးပေါင်းအဖွဲ့တို့ ဒီဇင်ဘာ ၂ ရက်က တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဖို့ တရုတ်အစိုးရနဲ့ ‘ဝ’  လက်နက်ကိုင်အဖွဲ့ (UWSA)တို့က ကြားဝင်ဆောင် ရွက်ပေးပေမဲ့ တွေ့ဆုံမှု မဖြစ်မြောက်ခဲ့ပါဘူး။

 Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ