Local News: ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာငါးသန်းကျော်ရှိ

ထိုင်းနိုင်ငံကို အများဆုံးအလုပ်လုပ်ကိုင်နေကြတယ်လို့ ဆိုပါတယ်။

play
ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ်။

 

မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေ ၅၁ သန်းထဲက ဆယ်ရာခိုင်နှုန်းကျော်ဖြစ်တဲ့ ငါးသန်းကျော်က ပြည်ပမှာ အလုပ်လုပ်ကိုင်နေကြတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအဖွဲ့အစည်းတွေက ခန့်မှန်းလိုက်ပါတယ်။

ဒီလိုရွှေ့ပြောင်းလုပ်ကိုင်တဲ့သူတွေက မြန်မာနိုင်ငံကနေ ယူအေအီး၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကို သွားရောက်လုပ်ကိုင်နေကြပြီး အများစုက မလေးရှား၊ ထိုင်းနဲ့ စင်ကာပူနိုင်ငံတွေကို သွားရောက်လုပ်ကိုင်နေကြတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ ရွှေ့ပြောင်းလုပ်သား တစ်သန်းပတ်ဝန်းကျင် မလေးရှားနိုင်ငံကို သွားရောက်လုပ်ကိုင်နေကြပြီး ထိုင်းနိုင်ငံကို မြန်မာလုပ်သား လေးသန်းကျော်သွားရောက်လုပ်ကိုင်နေကြကာ ကိုရီယားနိုင်ငံမှာ မြန်မာနိုင်ငံသား တစ်သောင်းခွဲ၊ ဂျပန်နိုင်ငံမှာ လေးထောင်ခန့်ရှိတယ်လို့  ပြည်ပအလုပ်အကိုင် အေဂျင်စီတွေထံကနေ သိရပါတယ်။

play

 

“ဟိုမှာက တရားမဝင်နဲ့သွားတဲ့အလုပ်သမားတွေကို လုပ်ငန်းရှင်တွေက ပိုပြီးခေါ်တာ များတယ်၊ သူတို့အတွက်အလုပ်မရှားဘူး၊ အလုပ်ရှင်တွေက without တွေကိုပိုကြိုက်ကြတယ်” လို့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအရေး ဆောင်ရွက်နေတဲ့ ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းအဖွဲ့(FED) Traning Coordinator ဦးဇော်မင်းဦးက ပြောပါတယ်။

အလုပ်သမား၊ လူဝင်မှုနှင့်ပြည်သူအင်အား ဝန်ကြီးဌာနက နိုဝင်ဘာလထဲမှာ ထုတ်ပြန်ထားတဲ့  မြန်မာလုပ်သားစေလွှတ်မှု စာရင်းအရ စုစုပေါင်း ၁၄၈ဝ၃ ဦးရှိပြီး မလေးရှားကို ၂၅၆၂ ဦး၊ ထိုင်းကို ၁၁၇၂ဝ ဦး၊ ဂျပန်ကို ၃၂၈ ဦး၊ ကိုရီးယားကို ၉၇ ဦး၊ စင်ကာပူကို ၇၅ ဦး၊ ကာတာကို ကိုးဦးနဲ့ ယူအေအီးကို ၁၂ ဦး စေလွှတ်ထားတယ်လို့ သိရပါတယ်။

Source : The Voice

Photos : moglobay,karennews

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ