Local News: ကျိုက်ထီးရိုးတောင်က ကေဘယ်လ်ကားတွေ ၂၀၁၇ ဧပြီ ၁ ရက်မှာ စပြေးမယ်

ရသေ့တောင်ကနေ ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်ပေါ်ကို ပြေးဆွဲမှာပါ။

play

 

မွန်ပြည်နယ်ကျိုက်ထီးရိုးတောင်ပေါ်မှာ ဆောက်လုပ်နေတဲ့ ကေဘယ်ကားတွေကို လာမယ့် ၂၀၁၇ ဧပြီလ ၁ ရက်မှာ စတင်ဖွင့်လှစ်သွားမယ်လို့ စီမံကိန်းဆောင်ရွက်နေတဲ့ Sky Asia ကုမ္ပဏီကနေ သိရပါတယ်။

ကျိုက်ထီးရိုး ဘေးမဲ့တော နယ်မြေမှာရှိတဲ့ မြေ ၁၃ ဒသမ ၅ ဧကမှာ အကောင်အထည်ဖော်နေတဲ့ ကေဘယ်လ်ကားစီမံကိန်းကို Sky Asia ကုမ္ပဏီက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့  သစ်တောရေးရာဝန်ကြီးဌာနမှာ နှစ် ၇၀ စာချုပ်နဲ့ ငှားရမ်းထားပြီး အမေရိကန်ဒေါ်လာ သန်း ၂၀ အကုန်အကျခံဆောက်လုပ်သွားမယ်လို့ ဆိုပါတယ်။

play

 

‘‘အခုလက်ရှိမှာ ဒီစီမံကိန်း အားလုံး ၂၀ ရာခိုင်နှုန်းပြီးစီးနေပြီ။ ကေဘယ်ကား ပြေးဆွဲတဲ့အချိန် ကျရင် လူတစ်ဦးကို ငွေဘယ် လောက်ယူမယ်ဆိုတာ မဆုံးဖြတ် ရသေးဘူး။ ကေဘယ်ကားတစ်စီး ကို လူရှစ်ယောက်တင်လို့ရတယ်။ ရသေ့တောင်ကနေ ဘုရားအထိ ပြေးဆွဲမယ်။ ဘုရားပေါ်ကို ၁၀ မိနစ်လောက်နဲ့ ရောက်မယ်။ အန္တရာယ်မရှိစေဖို့ နှစ်ပတ်တစ်ကြိမ် စစ်ဆေးမှုတွေလုပ်မယ်။ ကိုယ်ပိုင်လျှပ်စစ် ၃၃ ကေဗီဓာတ်အားလိုင်းနဲ့ ပြေးဆွဲသွားမယ်’’လို့ Sky Asia Co.,Ltd. အထူးအကြံပေးအရာရှိ ဦးအောင်သန်းက ပြောပါတယ်။

ကျိုက်ထီးရိုးစေတီကိုလာရောက်တဲ့ ဘုရားဖူးတွေအနေနဲ့ သဘာဝပတ်ဝန်းကျင်အလှအပတွေကို ကြည့်ရှုခံစားနိုင်ဖို့ အဆင်ပြေစေရန် စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်တာဖြစ်ပြီး ကေဘယ်ကားအစီးရေ ၄၃ စီးနဲ့ အရန်တစ်စီးတို့ဖြင့် ပြေးဆွဲသွားမယ်လို့ ဆိုပါတယ်။

Source : Democracy Today

Photos : The Voice,

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ