Local News: ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းဝေး ပြုလုပ်

အာဆီယံဒေသတွင်းမှာ ဖြစ်ပွားနေတဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့ဆီဒိုးနားဟိုတယ်မှာ တွေ့ဆုံပြီး အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီအစည်းအဝေးမှာ အာဆီယံဒေသတွင်းမှာ ဖြစ်ပွားနေတဲ့ အကြောင်းအရာတွေကို လွတ်လွတ်လပ်လပ်ဆွေးနွေးခဲ့ကြတယ်လို့ သိရပြီး ဆွေးနွေးတဲ့အကြောင်းအရာ အသေးစိတ်ကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ထုတ်ပြန်တာမရှိသေးပါဘူး။

play

 

၂၀၁၂ ကနေ လက်ရှိအချိန်အထိဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အရေးကိစ္စတွေကြောင့်  ဒီလိုအစည်းအဝေးကိုပြုလုပ်ခဲ့တာဖြစ်ပြီး နိုင်ငံတကာမီဒီယာတွေမှာ ရခိုင်ပြည်နယ်ကိစ္စတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာချိန်မှာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံက အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကို ဖိတ်ခေါ်ပြီး အစည်းအဝေးလုပ်ခဲ့တာဖြစ်ပါတယ်။

Source : 7DayTV

Photo : DVB

Video : 7DayTV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ