Local News: မောင်တောမြို့နယ်ထဲက ဘင်္ဂါလီကျေးရွာတစ်ရွာမှာ ထိတွေ့မှုဖြစ်

ဘင်္ဂါလီတစ်ဦးသေဆုံးပြီး ရဲတပ်သားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

play

 

ဒီဇင်ဘာလ ၁၉ ရက်နေ့မနက်ပိုင်းက မောင်တောမြို့နယ်ထဲက ဒူချီးရား ဘင်္ဂါလီကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မူးယစ်ဆေး သတင်းအရ ၀င်ရောက်ရှာဖွေရာမှာ တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရရှိခဲ့ကာ ဘင်္ဂါလီတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

မောင်တောမြို့နယ်နဲ့ လေးမိုင်လောက်ကွာဝေးတဲ့ ဒူးချီးရားတန်းရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေဝင်ရောက်နေတုန်းမှာ ရွာသားတွေက ဓား၊တုတ်တွေနဲ့ ဝိုင်းဝန်းတိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဘဂါင်္လီတစ်ဦးသေဆုံးခဲ့တာလို့ ဆိုပါတယ်။

"တာဝန်အရ စစ်ဆေးဖို့ ရွာထဲကိုဝင်တဲ့အခါ အဝင်မခံဘဲ ဘဂါင်္လီတွေ ဝိုင်းတိုက်တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဓားနဲ့ လိုက်တိုက်တဲ့ ဘဂါင်္လီတစ်ဦးကို လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်လိုက်တာကြောင့် သေဆုံးခဲ့ပါတယ်"လို့ မောင်တောမြို့မရဲစခန်းမှူး ဒုရဲမှူးအေးကျော်လှိုင်က ပြောပါတယ်။

သေဆုံးခဲ့သူရဲ့ ရုပ်အလောင်းကို မောင်တောမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီး ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ ဒုချီးရားတန်းဘဂါင်္လီ ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ