Local News: အေတီအမ်ကတ်အတုနဲ့ ငွေထုတ်ခဲ့တဲ့ ဘူလ်ဂေးရီးယားနိုင်ငံသားကို အမိန့်ချ

, updated

ပုဒ်မလေးခုနဲ့ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

play

 

အေတီအမ်ကတ်အတုသုံးပြီး ကမ္ဘောဇဘဏ်အေတီအမ်စက်ကနေ ငွေတွေကို ခိုးထုတ်ခဲ့တဲ့ ဘူလ်ဂေးရီးယားနိုင်ငံသားကို ဒီနေ့ (ဒီဇင်ဘာ ၁၉) ရက် မွန်းလွဲပိုင်းမှာ ကမာရွတ်တရားရုံးက အလုပ်နဲ့ထောင်ဒဏ်အသီးသီးကျခံဖို့ အမိန့်ချခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဘူလ်ဂေးရီးယားနိုင်ငံသားကို ပုဒ်မလေးခုနဲ့ အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး ခိုးယူမှုပုဒ်မ ၃၈၀ အရ အလုပ်နဲ့ ထောင်ဒဏ်သုံးနှစ်၊ အတုပြုလုပ်မှုပုဒ်မ ၄၆၅ အရ အလုပ်နဲ့ ထောင်ဒဏ်တစ်နှစ်တို့ကို သီးခြားစီကျခံစေဖို့ အမိန့်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ဗီဇာစည်းကမ်းဖောက်ဖျက်မှု လ.ဝ.က ပုဒ်မ ၁၃(၁) အရ အလုပ်နဲ့ ထောင်ဒဏ်ခြောက်လနဲ့ CIDရဲတပ်ဖွဲ့က ထပ်မံစွဲဆိုခဲ့တဲ့ အီလထရောနစ်ဥပဒေ ပုဒ်မ ၃၄(ဃ)အရ ဒဏ်ငွေ ကျပ်သိန်း ၅၀ ပေးဆောင်ဖို့နဲ့ မဆောင်နိုင်ရင် အဆိုပါပြစ်မှုနဲ့ ထိုက်တန်တဲ့ ထောင်ဒဏ်တစ်နှစ်ကျခံစေဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပြီး အထက်တရားရုံးကို အယူခံဝင်နိုင်တယ်လို့ သိရပါတယ်။

ဘူလ်ဂေးရီယားနိုင်ငံသားဆီကနေ သိမ်းဆည်းရရှိခဲ့တဲ့ ငွေကျပ် ၄၉၃ သိန်းကျော်ထဲက ကျပ်သိန်း ၃၅၉ ကို ငွေတွေ နစ်နာဆုံးရှုံးခဲ့တဲ့ KBZ ဘဏ်က ပြန်လည်လွှဲပြောင်းရယူဖို့နဲ့ ကျန်ငွေတွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆည်းစေခဲ့ကာ စမတ်ကတ်အတုပေါင်း ၃၁၂ ကတ်ကို ဖျက်ဆီးပစ်ဖို့နဲ့ သူပိုင်ဆိုင်တဲ့ ယာဉ်မောင်းလိုင်စင်၊ ပတ်စ်ပို့နဲ့ ပေါင်ငွေ နှစ်ဆယ်တန် ၁၅ ရွက်တို့ ပြန်လည်လွှဲပြောင်းပေးဖို့ ကမာရွတ်မြို့နယ်တရားရုံးက အမိန့်ချခဲ့တယ်လို့ ဆိုပါတယ်။

Source & Photo : The Voice

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ