Local News: လှိုင်မြစ်ကြောင်းတစ်လျှောက်မှာ လိုက်လံခိုးယူနေတဲ့ သူခိုးဂိုဏ်းအဖွဲ့ဝင်တွေကို ဖမ်းမိ

 ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ထွက်ဆိုခဲ့ပြီး ကျူးလွန်ရာမှာ အသုံးပြုတဲ့ လက်နက်တွေကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

play

 

လှိုင်မြစ်ကြောင်းတစ်လျှောက် မြစ်ကမ်းဘေးက အဆောက်အအုံတွေကို လိုက်လံခိုးယူမှုတွေ ပြုလုပ်နေတဲ့ သူခိုးဂိုဏ်းအဖွဲ့ဝင် လေးဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက်က လှေတစ်စီးကို စစ်ဆေးတဲ့အခါ လက်နက်တွေ တွေ့ရှိခဲ့ပြီး လှေပိုင်ရှင်ကို စုံစမ်းရာမှ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

play

 

လှေပိုင်ရှင်ဟာ လှိုင်သာယာမြို့နယ်မှာ နေထိုင်တဲ့ အကြီးကောင်(ခ) ကျော်ကျော်ဖြစ်ပြီး ဒီဇင်ဘာ ၁၇ ရက်မနက်အစောပိုင်းက ဖမ်းဆီးရမိခဲ့တာကြောင့် စစ်ဆေးရာမှာ သူအပါအဝင် အမျိုးသားခုနှစ်ဦးက ညအချိန် မျက်နှာဖုံးစွပ်ပြီး လက်နက်တွေကိုင်ဆောင်ကာ ခိုးမှုကျူးလွန်ကြောင်း ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

play

 

 ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ထွက်ဆိုခဲ့ပြီး ကျူးလွန်ရာမှာ အသုံးပြုတဲ့ လက်နက်တွေကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ ခုနှစ်ဦးထဲက တိမ်းရှောင်နေသူတွေကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းနေတယ်လို့လည်း သိရပါတယ်။

Photos & Source: 7Day Daily, Yangon Police

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ