Local News: ကေအိုင်အေတပ်ဖွဲ့က မောင်းသူမဲ့လေယာဉ်တွေနဲ့ တပ်မတော်စခန်းတွေကို လာရောက်ထောက်လှမ်း

ဖောက်ခွဲတိုက်ခိုက်ဖို့ TNT ယမ်းတွေ တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။

play

 

အစိုးရတပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကေအိုင်အေလက်နက်ကိုင်တပ်ဖွဲ့တွေက မောင်းသူမဲ့လေယာဉ်တွေနဲ့ ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်ထဲက တပ်မတော်စစ်ကြောင်းတွေအခြေပြုနေတဲ့ နေရာတွေကို ဒီဇင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းကနေ မွန်းလွဲပိုင်းအထိ လာရောက်ထောက်လှမ်းခဲ့တယ်လို့ သိရပါတယ်။

ဒီလိုလာရောက်ထောက်လှမ်းခဲ့တဲ့ မောင်းသူမဲ့လေယာဉ် UAV တွေကို တပ်မတော်စစ်ကြောင်းက လက်နက်ငယ်နဲ့ပစ်ချဖျက်စီးခဲ့ရာမှာ UAV သုံးစီးက လက်နက်ငယ်ကျည်ထိမှန်ပြီး ကောင်းကင်မှာပဲ ပေါက်ကွဲပျက်စီးခဲ့ကာ ကျန်တစ်စီးကတော့ လက်နက်ငယ်ကျည် ထိမှန်မှုကြောင့် ပျက်ကျခဲ့လို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

play

 

အဆိုပါ မောင်းသူမဲ့လေယာဉ် UAV တွေကို စစ်ဆေးခဲ့ရာမှာ ဖောက်ခွဲတိုက်ခိုက်ဖို့ TNTယမ်းထုပ်တွေ တပ်ဆင်ထားပြီး ဘက်ထရီ သုံး လုံး၊ အလိုအလျောက်ပျံသန်းမှုစနစ် တစ်ခု၊ ကင်မရာ တစ်လုံး၊ မော်တာ ငါး ခု၊ GPS တစ်ခု၊ Auto Pilot Sensor တစ်ခုတို့ပါဝင်တာကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

Source : Commander in Chief Office

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ