Local News: လွှတ်တော်အစည်းအဝေး ကျင်းပနေချိန်မှာ ဂျာနယ်ဖတ်တဲ့အမတ် သတိပေးခံရ

စည်းမဲ့ကမ်းမဲ့ လုပ်မယ်ဆိုလွှတ်တော်ထဲဝင်မလာနဲ့လို့ ဥက္ကဋ္ဌ ဦးဝင်းမြင့်က သတိပေးခဲ့တာပါ။

ဒီနေ့ (ဒီဇင်ဘာလ ၂၀) မှာကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အစည်းအဝေးကျင်းပနေတဲ့အချိန်အတွင်း ဂျာနယ်ဖတ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က သတိပေးလိုက်တယ်လို့ သိရပါတယ်။

play

 

ကောလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်က အစည်းအဝေးကျင်းပနေချိန်မှာ ဂျာနယ်ဖတ်နေလို့ လွှတ်တော်စည်းကမ်းကိုလိုက်နာဖို့  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သတိပေးလိုက်တာပါ။

“ဦးမျိုးဇော်အောင် လွှတ်တော်ထဲမှာ ဂျာနယ်ဖတ်ဖို့မဟုတ်ဘူးနော်။ ခင်ဗျားတို့ စည်းမဲ့ကမ်းမဲ့လုပ်ဖို့မစဉ်းစားနဲ့။ စည်းမဲ့ကမ်းမဲ့လုပ်မယ်ဆိုလွှတ်တော်ထဲဝင်မလာနဲ့”လို့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က သတိပေးခဲ့ပါတယ်။

Source & Photos : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ